AD
AD
AD
play

 

အချိန်အစောကြီးကတည်းက အိမ်စာတွေလုပ်နေပေမဲ့ ညဥ့်နက်သန်းခေါင်အထိ မပြီးမပြတ်ဘဲ ဖြစ်နေသလား။ အဲဒီလိုဖြစ်နေမယ် ဆိုရင် အခုဖော်ပြထားတဲ့ အကြံပြုချက်လေးတွေကို ဖတ်ကြည့်ပြီး စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ အချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန် ပြီးပြတ်သွားပြီး ဘာစိတ်ဖိစီးမှုမှ မဖြစ်စေတာကို တွေ့ရပါလိမ့်မယ်။

(၁) စာရင်းပြုစုပါ

play
 

ညနေရောက်တာနဲ့ လုံးဝပြီးစီးသွားအောင် လုပ်ဆောင်ရမယ့်အရာမှန်သမျှကို စာရင်းပြုစုရပါမယ်။ ပြီးရင် အဲဒီစာရင်းအတိုင်း အစီအစဉ်တကျ လုပ်ဆောင်ပါ။ ဆိုလိုတာက ဘယ်ဘာသာက အဓိကပြီးဖို့ လိုသလဲ၊ ပြီးရင် ဘယ်ဘာသာက ဒုတိယ ဦးစားပေး ပြီးဖို့လိုသလဲ စသဖြင့် စဉ်းစားပြီး အစီအစဉ်တကျ စာရင်းပြုစုလုပ်ဆောင်ပါ။

(၂) လိုအပ်ပစ္စည်းမှန်တမျှကို စုစည်းထားပါ

play
 

အိမ်စာလုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး ဘယ်ပစ္စည်း၊ ဘယ်လိုကိရိယာတွေ အသုံးပြုဖို့လိုသလဲဆိုတာ သေချာကြည့်ပါ။ လိုအပ်မယ့် ပစ္စည်းကိရိယာတွေကို လိုတဲ့အချိန် အလွယ်တကူ ယူလို့ရအောင် တစ်စုတစ်စည်းတည်း ထားပေးထားပါ။

 

(၃) အဆက်အသွယ်ဖြတ်ထားပါ

play
 

ပြီးစီးအောင် လုပ်ဆောင်ရမယ့် အိမ်စာတွေမှာ အာရုံအပြည့်အဝ စိုက်ထုတ်နိုင်ဖို့အတွက် ဖုန်း၊ တက်ဘလက်စတဲ့ အိမ်စာနဲ့ မသက်ဆိုင်တဲ့ အသုံးအဆောင်တွေကို သင်နဲ့ဝေးရာသို့ ပို့ထားပါ။ လိုအပ်ပါက၊ ဖုန်း စသည်တို့ကို ပါဝါပိတ်သင့်ရင် ပိတ်ထားပေးပါ။

(၄) ရပ်နားချိန် များများပေးပါ

play
 

အိမ်စာတွေလုပ်ကြတဲ့အခါမှာ မရပ်မနားလုပ်တာနဲ့စာရင် တစ်ဘာသာကနေ တစ်ဘာသာကူးပြောင်း လေ့လာတဲ့အချိန်မှာပဲဖြစ်ဖြစ် ခေတ္တရပ်နားချိန်လေးတွေ ဖန်တီးပေးပါ။ ဒါမှမဟုတ်ရင်လည်း စိတ်ဖိစီးမှုတွေ လျော့သွားစေဖို့ ခေတ္တရပ်တန့်ပြီး relax လုပ်ပါ။

Reference: princetonreview

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD