AD
AD
AD
play

 

တက္ကသိုလ်နောက်ဆုံးနှစ် တက်ရောကနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့နဲ့ မျက်စိပွင့်နားပွင့် သိမြင်လာစေဖို့ ရည်ရွယ်ပြီး စက်တင်ဘာ ၁၂ ရက်၊ မနက် ၈ နာရီကနေ ညနေပိုင်းအထိ မန္တလေး တက္ကသိုလ်ဝင်းထဲမှာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ကြောင်းကို မန္တလေး တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားခဲ့တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

“ဆရာတို့တက္ကသိုလ်တွေက နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေဖို့နဲ့ ပြင်ပအမြင်ရစေဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။ ကျောင်းမပြီးသေးခင်မှာပဲ ဒီပြပွဲကနေတစ်ဆင့် သူတို့နဲ့ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့အတွက်ပေါ့” လို့ ဒေါက်တာတင်ထွန်းအောင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါပြပွဲဟာ နောက်ဆုံးနှစ်ကျောင်းသားတွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပေမဲ့လည်း မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ မည်သည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူမဆို ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုး တွေ့ရှိရင် လည်း လျှောက်ထားနိုင်စေဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းစီစဉ်ထားတာဖြစ်တယ်လို့ ဒေါက်တာတင်ထွန်းအောင် က ပြောကြားခဲ့ကြောင်းကို 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

“အဓိကကတော့ မန္တလေးတိုင်းအတွင်းက ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို အခွင့်အလမ်းတွေ ရစေချင်တယ်။ အမြင်ကျယ်စေချင်တဲ့အတွက် ဒီအလုပ်အကိုင်အခွင့်အလမ်းပြပွဲကို လုပ်တာဖြစ်တယ်” လို့လည်း ဒေါက်တာတင်ထွန်းအောင် က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းပြပွဲမှာ ကုမ္ပဏီ ၂၀ ကျော်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ပြသသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Postby

 

Source; Photo: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD