Career: စကားအရာ ကျွမ်းကျင်လိမ္မာအောင် ဘယ်လိုလုပ်ဆောင်မလဲ

သင်စကားပြောနေစဉ်မှာ တစ်ဖက်လူဘက်က တောင်ကြည့်မြောက်ကြည့်နဲ့ ဖြစ်နေမယ်ဆိုရင် သူတို့ငြီးငွေ့နေပြီ ဆိုတာကို ညွှန်ပြနေခြင်းဖြစ်ပါတယ်။

play

 

စကားပြောခြင်းဆိုတာဟာ ပုံမှန်အသုံးပြုနေရတဲ့ ပင်ကိုယ်သဘောဆောင်တဲ့ ဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါ တယ်။ ဟာသ ဉာဏ်ကွန့်မြူးပြီး နောက်ပြောင်ကျီစယ်တဲ့ စကားတွေ၊ သတင်းအချက်အလက် ဖလှယ်ရင်း ဘော်ဒါကဏ္ဍအရ ငြင်းကြခုံကြ တာတွေ၊ ဉာဏစွမ်းအား စိုက်ထုတ်ရတဲ့ စကားလုံးတွေနဲ့လည်း မတူပါဘူး။ တစ်ယောက်ယောက်ကို တစ်ခုခုနဲ့ပတ်သက်ပြီး ပြောပြဖို့ရာအတွက် အရမ်းလွယ်ကူတဲ့နေမယ်ဆိုရင်တောင်မှ သူများတွေနဲ့ စကားပြောဆိုကြတဲ့အခါမှာ အဓိပ္ပာယ်ရှိရှိ ပြောဆို နိုင်ဖို့ဆိုတာ လူတော်တော်များများ အတွက်တော့ ခက်ခဲနေကြဆဲဖြစ်ပါတယ်။ ဒီလိုအခက်အခဲမျိုးတွေကို ဖြေရှင်းနိုင်ပြီး စကားပြောကောင်းသူ တစ်ယောက် ဖြစ်လာစေဖို့ရာအတွက် အောက်မှာ အဓိကလေ့လာသင့်တဲ့ အချက် (၅) ချက်ကို ထုတ်နုတ်ပေးလိုက်ပါတယ်။

play

 

(၁) စိတ်ဝင်စားကြောင်းပြပါ

စကားပြောကောင်းသူတစ်ယောက် ဖြစ်လာချင်တယ်ဆိုရင်တော့ ကိုယ့်ဘက်က အမှန်တကယ်စိတ်ဝင်စားမှု ရှိတယ်ဆိုတာကို တခြားလူတွေသိအောင် ပြသနိုင်ဖို့လိုပါတယ်။ ဒါဟာ အကောင်းဆုံးနည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ သင့်ဘက်က သိမြင် နားလည်နိုင်မှုတွေကို ဖွင့်ထားပြီး အသစ်အသစ်သော အရာတွေကို သင်ယူနေမယ်ဆိုရင် တခြားလူတွေကလည်း သင်စိတ် ဝင်စားစေမယ့်အရာတွေကို ရှာဖွေဖော်ထုတ်လာပါ လိမ့်မယ်။

ဒါ့ကြောင့် စကားစမြည်ပြောကြတဲ့အခါမှာ မျက်စိချင်းအဆက် အသွယ်ရှိအောင် ထားပြီး စိတ်ဝင်တစားနဲ့ နားထောင်ပေးပါ။ စိတ်ဝင်စားမှုရှိကြောင်း ပြပေးခြင်းဟာ တခြားလူတွေကို သတင်းအချက်အလက်တွေ ပိုမျှဝေလာချင်အောင်လည်း တွန်းပို့ ပေးနိုင်ပါတယ်။ အဖွင့်မေးခွန်းလေးတွေ မေးပေးခြင်းက လည်း အတော်လေး ထိရောက်မှုရှိပြီး စကားပြောဆိုမှုကို အရှိုန် ပိုမြင့်လာစေနိုင်ပါတယ်။

play

 

(၂) သတင်းပေးပါ

သင့်အနေနဲ့ သတင်းပေးဖို့ အကြောင်းအရာ သိပ်မရှိဘူးဆိုရင်တော့ သင့်စကားကို သင်ပြန်နားထောင်နေမယ့် အနေအထား မျိုး ဖြစ်သွားစေပါလိမ့်မယ်။ စကားပြောကောင်းသူ တစ်ယောက်ဖြစ်လာစေဖို့အတွက် သင့်ပတ်ဝန်ကျင်ကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သတိမူပြီး လေ့လာနေဖို့လိုပါတယ်။ နောက်ဆုံးရတဲ့ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို ပြောပြနိုင်အောင် ကြိုးစားပါ။

နောက်ဆုံး ဖြစ်ပေါ် ကြော်ကြားနေတဲ့ ဖက်ရှင်သတင်းပဲဖြစ်ဖြစ်၊ နည်းပညာ ရှာဖွေမှုတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သီချင်း အကြောင်းလေးပဲ ဖြစ်ဖြစ် ပြောပြနိုင်အောင် လေ့လာပါ။ ဒီလိုလုပ်ပေးခြင်းက သင်စကားပြောတဲ့အခါမှာ သင့်ရဲ့ အသိ ပညာဗဟုသုတတွေက သူများတွေကို ဉာဏ်အလင်းပွင်းလင်းသွားစေနိုင်သလို သင့်အတွက်လည်း အခွင့်အရေးတွေ အများကြီး ပြန်ပွင့်လာပါလိမ့်မယ်။

play

 

(၃) ဖိအားမထားဘဲ ပေါ့ပေါ့ပါးပါးပြောပါ

တစ်ယောယောက်နဲ့ စကားစမြည်ပြောကြတဲ့အခါမှာ ဖိအားမဖြစ်စေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုနိုင်ဖို့အတွက် သင်အကျွမ်း ကျင်ဆုံးသော အရာတွေကိုသာ အသုံးချပါ။ တစ်နည်းအားဖြင့်ပြောရရင် စကားပြောဆိုတဲ့အခါ ဗလုံးဗထွေးဖြစ်စေတဲ့ အချက် တွေ၊ ကလေးကလားဆန်တဲ့အရာတွေနဲ့ အဆက်အစပ်မရှိဖြစ်စေမယ့်အရာတွေ ကို သင်ကိုယ်တိုင် ပြန်ရှာကြည့်ရပါလိမ့်မယ်။ ကြောက်ရွံ့စိတ်လှုပ်ရှားတာမျိုး ဖြစ်နေမယ်ဆိုရင် အသက်ပြင်းပြင်းရှုချလိုက်ပြီး စကားကို ဖြေးဖြေးနဲ့ မှန်မှန်လေးပဲ ပြောပေးပါ။

 

ပြီးတော့ သင်ဟာ ခင်မင်ဖော်ရွေပြီး စိတ်သဘောထားပြည့်ဝသူတစ်ယောက်လို့ မြင်လာအောင်လည်း သင့်မျက်နှာကို နွေးထွေးတဲ့အနေအထားမျိုးနဲ့ ပြုံးပြုံးလေး နေနိုင်အောင် ကြိုးစားပါ။ သင့်အနေနဲ့ စိတ်ကြည်လင်စရာကောင်းတဲ့ နေ့မျိုး မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ ပြုံးထားနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

play

 

(၄) စကားပြောရမယ့်အချိန်နဲ့ မပြောရမယ့်အချိန်ကို သိပါ

စကားတွေချည်းပဲ တရစပ်ပြောယေ်။ နလွန်းရင်လည်း ငြီးငွေ့သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အပေးအယူ မျှတဖို့ လိုအပ်ပါ တယ်။ သူတို့ပြောနေတဲ့အချိန်မျိုးမှာ ကြားဖြတ်ပြီး ဝင်ပြောတာမျိုးတွေကို ရှောင်ပါ။ သင်စကားပြောတဲ့ အခါမှာလည်း ရပ်နား နိုင်မယ့် အခွင့်အရေးကိုကြည့်ပြီး တခြားလူတွေကို ကြားဖြတ်ပြောခွင့်ပြုပေးပါ။ ပြီးတော့ သင့်အနေနဲ့ ဆက်ပြီးပြောသင့် မပြောသင့်ဆိုတာကို သူတို့ရဲ့ ကိုယ်ဟန်အမူအရာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါ။

ဥပမာ - သင်စကားပြောနေစဉ်မှာ တစ်ဖက်လူဘက်က တောင်ကြည့်မြောက်ကြည့်နဲ့ ဖြစ်နေမယ်ဆိုရင် သူတို့ငြီးငွေ့နေပြီ ဆိုတာကို ညွှန်ပြနေခြင်းဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သင့်ဘက်ကလည်း အကြောင်းအရာ ပြောင်းလဲပြီး ပြောတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် လုံးဝ ရပ်ထားလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်ပေးဖို့ လိုအပ်ပါတယ်။

play

 

(၅) လေ့ကျင့်ပါ

တခြားပညာရပ်တွေလိုပါပဲ၊ စကားပြောစွမ်းရည်ကိုလည်း လေ့ကျင့်ပျိုးထောင်မှုတွေ ကောင်းကောင်း လုပ်ပေးခြင်းဖြင့် တိုးတက်လာစေနိုင်ပါတယ်။ နေ့ချင်းညချင်း ကျွမ်းကျင်ပညာရှင်အဆင့်ထိ ရောက်သွားဖို့တော့ မမျှော်လင့်ပါနဲ့။ သင့်ရဲ့ စကားပြောစွမ်းရည်ကို ထက်လာအောင် လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကို ညွှန်းရမယ်ဆိုရင်တော့ လူမှုရေး တွေ့ဆုံမှုတွေ ဖြစ်နိုင်သမျှ ခပ်များများတက်ရောက်ပြီးတော့ သင်ကိုယ်တိုင် ဖော်ထုတ်တာပဲ အကောင်းဆုံးဖြစ်ပါတယ်။

နှီးနှောဖလှယ်ပွဲတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ညစာစားပွဲတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ပါတီတွေ၊ ပွဲလမ်းတွေနဲ့ အဖွဲ့လိုက် အပျော်ခရီးထွက်တာမျိုးရင်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ များများပြောလေ၊ သင့်ရဲ့ စကားပြောစွမ်းရည်လည်း ပိုကောင်းလာလေပဲ ဖြစ်ပါလိမ့်မယ်။

Postby

 

Reference: career

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ