AD
AD
AD
play

 

ကမ္ဘာမှာ အထင်ကရအောင်မြင်သူတွေဖြစ်ကြတဲ့ ဝင်းစတန်း ချားချယ်လ်၊ တွမ်ခရုစ်၊ မာရီယာကရီ၊ အမ်မလီ ဘရွန်ထီ နဲ့ လီယိုနာဒို ဒါဗင်ချီ တို့လို ပုဂ္ဂိုလ်ကြီး (၅) ဦးရဲ့ အိပ်စက်ခြင်းအလေ့အထလေးတွေကို စာဖတ်သူအားလုံးအတွက် ဗဟုသုတတိုးပွားစေဖို့ လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ဟာ နာမည်ကြီးတဲ့ အောင်မြင်သူကြီးတွေ ဖြစ်ပေမဲ့လည်း သူတို့ရဲ့ အိပ်စက်ခြင်း အလေ့အထတွေဟာ မယုံနိုင်စရာပါပဲ။ လေ့လာကြည့်လိုက်ပါ။

(၁) ဝင်းစတန်း ချားချယ်လ် (Winston Churchill)

play
 

Winston Churchill ဆိုတဲ့စကားလုံးဟာ ဗြိတိသျှ နိုင်ငံရေးခံယူချက်နဲ့ သံတူကြောင်းကွဲ ဖြစ်ပါတယ်။ Churchill ဆိုတာ ၂၀ ရာစု လောက်က ဝန်ကြီးချုပ်တွေရဲ့ အထင်ကရအဖြစ်ဆုံး စကားလုံးတစ်လုံးဖြစ်ပါတယ်။ သူဟာ အတော်လေးကို အအိပ်နည်းသူ တစ်ယောက်ဖြစ်ပြီး အဲဒီလို နည်းနည်းလေးအိပ်စက်ပေးခြင်းနဲ့ပဲ စွမ်းအားတွေကို ပြန်ဖြည့်ပေးလေ့ရှိပါတယ်။ နေ့စဉ် ညနေ ၅-နာရီရောက်တိုင်း ဝီစကီနဲ့ ဆိုဒါတို့ကို သောက်သုံးလေ့ရှိခဲ့ပြီးမှ ၂-နာရီလောက်သာ တစ်မှေးလောက် အိပ်စက်နားနေလေ့ ရှိပါတယ်။

(၂) တွမ်ခရုစ် (Tom Cruise)

play
 

“Top Gun” ၊ “Mission Impossible” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ စူပါစတာမင်းသားကြီး တွမ်ခရုစ်ဟာ အိပ်လို့ရှိရင် ဆိုးဆိုးရွားရွားနဲ့ အသံအကျယ်ကြီး ဟောက်တတ်တဲ့ အလေ့အထရှိပါတယ်။ ဒါကို ဘယ်သူမှတောင် တွေးမိမယ် မထင်ပါဘူး။ တကယ်တော့ သူဆိုးဆိုးရွားရွား ဟောက်တတ်တယ်ဆိုတာ အမှန်ပါ။ သူ့ရဲ့ အဲဒီလိုအကျယ်ကြီးဟောက်တတ်တဲ့ အကျင့်ဆိုးကြီး ကြောင့် အိမ်မှာရှိတဲ့ လူတိုင်း အိပ်ရာနိုးကုန် ကြလေ့ရှိတယ်။ နောက်တော့ ဒီပြဿနာကို ကုစားနိုင်ဖို့အတွက် သူအိမ်မှာရှိတဲ့ အခန်းကျဉ်းလေးထဲမှာပဲ တစ်ယောက်တည်း ပြောင်းအိပ်လိုက်တယ်။

 

(၃) မာရီယာကရီ (Mariah Carey)

play
 

Mariah Carey ကို ပေါ့ပ် (Pop) အဆိုတော်လောကမှာ အအောင်မြင်ဆုံးသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါ တယ်။ ဒါကလည်း သူ့တစ်နေ့သာရဲ့ အများစုကို အိပ်စက်ခြင်းနဲ့ပဲ ကုန်လွန်စေတော့ သူ့အနေနဲ့ကလည်း သီချင်းဆိုဖို့ လမ်းတစ်လမ်းပဲ ရှိတော့တာပေါ့။ သူဟာ တစ်နေ့ကို ၁၅-နာရီအထိ အိပ်စက်နားနေရုံတင်မကပါဘူး သူအိပ်ရာ ဘေးဘီဝဲယာမှာလည်း စိုထိုင်းမှုထိန်းစက်ပေါင်း အလုံး ၂၀ အထိ တပ်ဆင်ထားပါသေးတယ်။ အဲဒီအရာတွေက လည်ချောင်း အသံနာတာတွေကို ထိန်းသိမ်းပေးပြီး ရေမှုန်ရေငွေ့ လေးတွေကို ခြောက်သွေ့တဲ့ လေအဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။

(၄) အမ်မလီ ဘရွန်ထီ (Emily Bronte)

play
 

Emily Bronte ဟာ ၁၉-ရာစုလောက်က ဝတ္ထုရေးဆရာမတစ်ဦးဖြစ်ပြီး သူဟာ ကလောင်စွမ်းလည်း သူမတူ လောက်အောင်ကို အရမ်းထက်လှသူတစ်ဦး ဖြစ်ပါတယ်။ Wuthering Heights နဲ့ Agnes Grey စတဲ့ နာမည် ကျော်စာအုပ်တွေကို ရေးသားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ မျက်စိကြောင်တတ်ပြီး အတော်နဲ့အတော် အိပ်မရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ သူ့ရဲ့ ထမင်းစား စားပွဲကြီးကို မမောမပန်းမချင်း စက်ဝိုင်းပတ်အတိုင်း အကြိမ်ကြိမ်ပတ်လေ့ရှိပါတယ်။ ဒီလိုပတ်လိုက်မှသာ ပင်ပန်းသွား ပြီး နောက်ဆုံး ကောင်းကောင်း အိပ်ပျော်သွားလေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။

(၅) လီယိုနာဒို ဒါဗင်ချီ (Leonardo Da Vinci)

play
 

Leonardo Da Vinci ဟာ တီထွင်သူ (inventor) တစ်ဦးဖြစ်သလို အနုပညာရှင် (artist) တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တီထွင်မှု တွေဖြစ်တဲ့ လေယာဉ်လို၊ တံတားလို၊ အမှုန့်ကြိတ်စက်တို့လို အရာမျိုးတွေဟာ အခုချိန်ထိ ကျနော်တို့တွေကို အထောက်အပံ့ ဖြစ်စေ ပါတယ်။ သူဟာ ဘယ်အရာကိုမှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ အချိန်အများစုကို မျက်လုံးတွေ မှိတ်နေခြင်းနဲ့ သာ ကုန်ဆုံးစေတာ များပါတယ်။ သူဟာ လေးနာရီမှာ တစ်ကြိမ်နှုန်းလောက်နဲ့ မိနစ် ၂၀-လောက်ပဲ အိပ်စက်နားနေလေ့ ရှိသူဖြစ် ပါတယ်။

Postby

 

Reference: careeraddict

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD