Career: သင့်ရဲ့မှတ်ဉာဏ်တွေ တိုးတက်လာအောင် ဘယ်လိုပျိုးထောင်မလဲ

အသေးစိတ်ပြင်ဆင်ခြင်းနှင့် ထပ်မံပြောပြခြင်း

play

 

ရေတိုမှတ်ဉာဏ်တွေက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု (emotional response)၊ ပြေပြစ်တဲ့အကြောင်းပြချက် (fluid reasoning)၊ အာရုံစိုက်မှု (attention) တို့အပါအဝင် လှုံ့ဆော်ပေးဖို့ သေချာတဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ အဲဒီလို အကျိုးများတဲ့ ရေတိုမှတ်ဉာဏ်တွေ၊ သိမြင်နိုင်စွမ်းရှိတဲ့ တုံ့ပြန်မှုတွေနဲ့ ဦးနှောက်လေ့ကျင့်ရေးနည်းတွေကို တိုးတက်အောင် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ့် နည်းလမ်းပေါင်း မြောက်များစွာရှိပါတယ်။ အခုဖော်ပြပေးထားတဲ့ အကြံပြုချက်လေးတွေအတိုင်း နေ့စဉ်လေး ပုံမှန်လေ့ကျင့်ပေး သွားရုံနဲ့ သင့်ရဲ့ ဦးနှောက်နဲ့ ရေတိုမှတ်ဉာဏ်တွေလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။

play

 

(၁) စိတ်ပါဝင်စားခြင်း

တစ်ခုခုပေါ်မှာ သေချာလေးအာရုံစိုက်ပေးခြင်းဖြင့် သင့်ရဲ့ ဦးနှောက်တွေကိုလည်း ကောင်းမွန်တိုးတက်လာစေ နိုင်ပါတယ်။ သင့်ရဲ့ အာရုံစိုက်နိုင်စွမ်းတွေ တိုးတက်လာလေ တစ်ခုခုနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာတွေကို အဖြေရှာတဲ့နေရာမျာ သင့်မှတ်ဉာဏ်ထဲက ရှိနေတဲ့ အကြောင်းအရာတွေကို ပိုပြီးတော့ အလွယ်တကူ ပြန်ရှာနိုင်လေ ဖြစ်ပါတယ်။

 

(၂) အသေးစိတ်ပြင်ဆင်ခြင်းနှင့် ထပ်မံပြောပြခြင်း

စိတ်အာရုံစိုက်ထုတ်မှုက သင့်ကို အခြေခံအချက်အလက်တွေကို ပေးနိုင်ပြီး အသေးစိတ်ပြင်ဆင်လေ့လာခြင်းနဲ့ ထပ်ဖန်တလဲလဲ ပြန်ပြောပြခြင်းတို့က ဦးနှောက်ကို ရောက်ရှိလာတဲ့ အချက်အလက်အမျိုးမျိုးကို ထိန်းသိမ်းထားနိုင်စွမ်းတို့ကို ဖြစ်စေပါတယ်။

play

 

(၃) စိတ်အာရုံ နှစ်မြှုပ်ထားခြင်း

စိတ်အာရုံ နှစ်မြှုပ်ထားခြင်းဆိုတာဟာ ဂရုပြုမှုတွေ၊ အာရုံစူးစိုက်မှုတွေနဲ့ နှိုးဆော်ပေးမှုတွေရဲ့ အမြင့်ဆုံးအခြေ အနေတစ်ရပ် ဖြစ်ပါတယ်။ သင်စိတ်ဝင်တစားနဲ့ ပြုမူလိုက်တဲ့အရာတွေပေါ်မှာ အာရုံစူးစိုက်မှု အပြည့်အဝရှိစေဖို့ အတွက် အကောင်းဆုံး စိတ်အာရုံ နှစ်မြှုပ်ထားနိုင်ဖို့ လိုပါတယ်။

(၄) နည်းဗျူဟာ

နည်းဗျူဟာတစ်ခုကို ကောင်းကောင်းနားလည်အောင်လုပ်ပေးခြင်းဟာ သင့်အတွက် အကောင်းဆုံး အလုပ်လုပ်ပေး ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက သင့်ဦးနှောက်အတွက် သက်သောင့်သက်သာနဲ့ မှတ်သားနိုင်မယ့် နည်းဗျူဟာလေးတွေကို သုံးပေးပါ။ အတိုကောက် မှတ်သားပဲဖြစ်ဖြစ်၊ အရောင်နဲ့ မှတ်သားတာမျိုးပဲ ဖြစ်ဖြစ်ပေါ့။

Postby

 

Reference: career

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ