Career: စွမ်းဆောင်ရည်မြင့်မားသူတို့ရဲ့ နေ့စဉ်လုပ်ဆောင်လေ့ရှိတဲ့ အရာ (၄) မျိုး

ကမ္ဘာပေါ်မှာ အောင်မြင်မှု ရရှိထားကြသူတိုင်းလိုလို စာဖတ်ခြင်းကို သူတို့ရဲ့ နေ့စဉ်ဆောင်ရွက်ချက်တွေထဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြတာကို တွေ့ရပါတယ်။

play

 

အောင်မြင်တဲ့ စွန့်ဦးလုပ်ကိုင်သူတစ်ဦး ဖြစ်လာဖို့နဲ့ စီးပွားရေးတစ်ခုကို ကောင်းကောင်း run နိုင်ဖို့အတွက် နည်းပေါင်းများစွာ ရှိပါတယ်။ အဲဒီအရာတွေထဲကမှ လက်တွေ့ အအောင်မြင်ဆုံးဖြစ်နေကြတဲ့ စီးပွားရေးခေါင်းဆောင်ကြီးတွေရဲ့ မျှဝေထားတဲ့ သူတို့ရဲ့အလေ့အထတွေဟာဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အောင်အောင်မြင်မြင်နဲ့ ဘယ်လို ချဉ်းကပ်ရမလဲဆိုတဲ့ အတွေးအမြင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အားလုံး လေ့လာကြည့်နိုင်ဖို့အတွက် သူတို့ရဲ့ အလေ့အထ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေရှည်စီမံကိန်းချမှတ်ခြင်း

play
 

ပြိုင်ဆိုင်မှုတွေကြားမှာ အောင်မြင်မှုရချင်ရင်တော့ ရေတိုစီမံကိန်းလောက်ပဲ အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ ရေတိုစီမံကိန်းဆိုတာ ကျော်ထားခဲ့လို့မရနိုင်ပေမဲ့ သူပေါ်မှာပဲ အာရုံစိုက်ထုတ် နှစ်မြှုပ်ထားဖို့မဟုတ်ပါဘူး။ စွမ်းဆောင်ရည် မြင့်မားတဲ့ စီးပွားရေး ခေါင်းဆောင်ကြီးတွေဟာ ဒါကို ကောင်းကောင်း နားလည်ထားကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ရေတိုတင်မဟုတ်ဘဲ ရေရှည် စီမံကိန်းတွေကိုလည်း အကောင်းဆုံး ချမှတ်ထားလေ့ ရှိကြပါတယ်။

(၂) မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိဖြစ်အောင် communicate လုပ်ခြင်း

play
 

အီးမေး၊ ဖုန်းစတဲ့ ချက်ချင်းပြန်ပြီး request လုပ်ဖို့လိုတဲ့အရာတွေကို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိဖြစ်အောင် တုံ့ပြန်ပေးပါ။ တုံ့ပြန်ဖို့ ယူလိုက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အရာအားလုံးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကို စွမ်းဆောင်ရည်မြင့်မားတဲ့ စီးပွားရေး ခေါင်းဆောင်ကောင်းတွေဟာ ကောင်းကောင်းသိကြပါတယ်။ ဒါ့ကြောင့် အကောင်းဆုံး အသုံးချနိုင်အောင်လည်း ကြိုးစားကြပုံရပါတယ်။

 

(၃) နေ့စဉ်လုပ်ဆောင်ချက်များ ထားရှိခြင်း

play
 

တစ်ရက်နဲ့တစ်ရက်က နည်းနည်းလေး ချားနားတယောင်ယောင်ရှိပေမဲ့ နေ့စဉ်ပုံမှန် ဘာလုပ်မယ်ဆိုတဲ့ schedule လေးတော့ ဖန်တီးထားသင့်ပါတယ်။ မနက်တိုင်း အီးမေးလ်မစစ်ခင် အဲဒီနေ့အတွက် ဦးစားပေးလုပ် ဆောင်ရမယ့် လုပ်ငန်းတာဝန် ၃-မျိုးလောက် စဉ်းစားရွေးရွေးထုတ်တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်ပါ။ စွမ်းဆောင်ရည် မြင့်မားတဲ့ စီးပွားရေးခေါင်းဆောင်ကြီးတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘာလုပ်မယ်ဆိုတဲ့ ပုံမှန် အလေ့အထလေးတွေ ဖန်တီးထားလေ့ ရှိကြပါတယ်။

(၄) စာဖတ်ခြင်း

play
 

မနက်တိုင်း နေ့စဉ်သတင်းစာပဲဖြစ်ဖြစ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ဝက်ဘ်ဆိုက်တွေကိုပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းပဲ ဖြစ်ဖြစ် ဖတ်ဖြစ်အောင် ဖတ်ပါ။ စာဖတ်ခြင်းက သင့်ကို သတင်းအချက်အလက်တွေတင် ပေးစွမ်းနိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့ အလုပ်ထဲမှာ လုပ်ဖော် ကိုင်ဖက်တွေကို ဘယ်လို ပြောရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာနဲ့ အစည်းအဝေးတွေမှာ ဘယ်လို ဆုံးဖြတ်သင့်တယ် ဆိုတဲ့ အတွေးအမြင်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်မှု ရရှိထားကြသူတိုင်းလိုလို စာဖတ်ခြင်းကို သူတို့ရဲ့ နေ့စဉ်ဆောင်ရွက်ချက်တွေထဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြတာကို တွေ့ရပါတယ်။

Postby

 

Reference: entrepreneur

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ