play

 

မနက်ပိုင်းဆိုတာ အကျိုးရှိတဲ့ အချိန်တစ်ခုပဲ ဖြစ်သင့်ပါတယ်။ ပျော်ရွှင်စရာတွေနဲ့ စတင်နိုင်ရမယ်။ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် နေ့တစ်နေ့တာရဲ့ အရေးကြီးတဲ့ အပိုင်းကဏ္ဍတွေနဲ့အတူ နိုးထနိုင်ရမယ်။ မနက် ခင်းပိုင်းဆိုတာ နေ့တစ်နေ့တာရဲ့ အစဖြစ်သလို အသက်တစ်ခုလို့လည်း ဆိုလို့ရတယ်။

သင့်ရဲ့ မနက်ခင်းလေး ကို လှုံဆော်မှုတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ ပိုမိုပြည့်စုံသွားအောင် ဖန်တီးဖို့အတွက် အလုပ်သင့်ဆုံး၊ အလုပ်ထိုက်ဆုံး၊ အကောင်းဆုံးလို့ ဆိုလို့ရတဲ့အရာတချို့ကို စဉ်းစားဆုံးဖြတ်ပြီး ရွေးချယ်ထားဖို့လည်း လိုပါတယ်။ အခုဖော်ပြထားတဲ့ အရာတွေက သင့်ရဲ့ မနက်ခင်းလေးကို ပိုမိုပြည့်စုံသွားအောင် လုပ်ဆောင်နိုင်တဲ့ အရာတချို့ပဲဖြစ်ပါတယ်။ လေ့လာကြည့်ပြီး သင်နဲ့ ကိုက်ညီရာကို လုပ်ဆောင်နိုင်ပါတယ်။

(၁) သွေးပူလေ့ကျင့်ခန်း

play
 

စူပါစတားလို့ ပြောလို့ရနိုင်တဲ့ အအောင်မြင်ဆုံးလူတွေ အများစုဟာ မနက်ခင်းတိုင်းမှာ စောစောထပြီး သွေးပူလေ့ကျင့်ခန်းလေးတွေ လုပ်လေ့ရှိကြပါတယ်။ ယောဂကျင့်တာပဲဖြစ်ဖြစ်၊ ဂျင်ကစားတာပဲဖြစ်ဖြစ်၊ ပြေးတာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို မနက်စောစောထပြီး အလုပ်မသွားခင် သွေးပူလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးခြင်းဟာ သင့်ရဲ့ စွမ်းအင်တွေလည်း တစ်နေ့တာအတွက် မြင့်တက် လာစေနိုင်ပြီး အမြင်၊ အတွေးတွေလည်း ပိုပြီး ပွင့်လာစေနိုင်ပါတယ်။

(၂) တစ်နေ့တာအတွက် အစီအစဉ်ရေးဆွဲခြင်း

play
 

သင့်ရဲ့ တစ်နေ့တာအတွက် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လုပ်ရမယ့်အရာတွေကို အစီအစဉ်တကျ ချမှတ်ပြင်ဆင်ထားခြင်းဖြင့် သင့်ရဲ့ စွမ်းအင်တွေကို မြှင့်တင်နိုင်ပါတယ်။ မနက်အစောပိုင်းဟာ တိတ်ဆိတ် ငြိမ်သက်တဲ့အတွက် တစ်နေ့တာအစီအစဉ်တွေကို ရေးဆွဲမယ်ဆိုရင် သိပ်ကို အဆင်ပြေစေပါတယ်။ ပြီးတော့ မနက်စောစောထပြီး အစီအစဉ်တွေ ရေးဆွဲခြင်းဟာ ဦးစားပေးရမယ့် ကိစ္စတွေကိုလည်း သိမြင်နေနိုင်တာကို တွေ့ရပါလိမ့်မယ်။

 

(၃) ကျန်းမာရေးဓာတ်စာများ စားသုံးခြင်း

play
 

မနက်စောစောထပြီး သင့်ရဲ့ မနက်စာအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။ အဲဒီလို အချိန်ပေးပြီး မနက်စာကို ကောင်းကောင်းလေး စားသုံးပေးခြင်းဟာ ကိုယ်ခန္ဓာ ကျန်းမာရေးတင်မကဘဲ ဦးနှောက်ပိုင်းဆိုင်ရာလည်း တိုးတက်ကောင်းမွန် လာစေပါတယ်။ ပြီးတော့ မနက်စောစောထပြီး ကော်ဖီနဲ့အတူ အစာအိမ်နဲ့ သင့်လျော်စေမယ့် ဓာတ်စာတွေကို ရွေးချယ်စားသုံး ပေးခြင်းကလည်း လုပ်ငန်းခွင်ထဲရောက်တဲ့အခါ သင့်အတွက် သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

(၄) တွေးတော စိတ်ကူးကြည့်ခြင်း

play
 

မနက်စောစောအချိန်ပိုင်းဟာ တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့အတွက် တရားထိုင်တာတို့၊ တွေးတော စိတ်ကူးကြည့်တာတို့ စတဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေလုပ်ဖို့အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ သင်သွားချင်တဲ့ပုံစံမျိုးကို တွေးတော စိတ်ကူးကြည့်ပြီး လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာ အာရုံစိုက် လုပ်ဆောင်လိုက်မယ်ဆိုရင် သင်လည်း အောင်မြင်မှု ရရှိစေမှာ သေချာပါတယ်။ မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ် စိတ်ကူးယဉ် တွေးတောကြည့်ခြင်းဟာ တစ်နေ့တာအတွက် လုပ်ငန်းခွင်မှာ သင့်ရဲ့ အားစိုက်မှုတွေက သိသိသာသာ မြင့်တက်လာစေတာကို တွေ့ရနိုင်ပါတယ်။

 

Reference: forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video