AD
AD
AD
play

 

အလုပ်ထွက်တော့မယ့် လူတစ်ယောက်ဟာ သူစတင်စဉ်းစားစအချိန်ကတည်းက ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေ၊ အပြောအဆို၊ အနေအထိုင်တွေနဲ့ ထင်ဟပ်လာတတ်ပါတယ်။ ဒါကို အချို့က သူ အလုပ်ထွက်ဖို့ တွေးနေတယ်လို့ မမြင်ကြဘဲ စာအုပ်ကြီးမူတွေနဲ့ အကဲဖြတ်မိတတ်ကြပါတယ်။ အမှန်တော့ ဝန်ထမ်းတစ်ယောက်ဟာ အခုဖော်ပြထားတဲ့ လက္ခဏာ (၅) မျိုးနဲ့ ထင်ဟပ်နေပြီ ဆိုရင်တောင်မှပဲ ဒီလူ အလုပ်ထွက်ဖို့ စိတ်ကူးနေပြီဆိုတာ သတ်မှတ်နိုင်ပါတယ်။

(၁) ပုံပန်းဟန်ပန်တွေ ပြောင်းလဲသွားခြင်း

play
 

ပုံမှန်မြင်နေကျ၊ တွေ့နေကျမဟုတ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေနဲ့ နေထိုင်ပြုမူဆောင်ရွက်ပုံတွေ သိသိသာသာ ပြောင်းလဲနေမယ် ဆိုရင်၊ ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူဟာ အလုပ်ပြောင်းတော့မှာမို့ ရတဲ့အချိန်မှာ တခြားအလုပ်ရှင်တွေနဲ့ တွေ့ဖို့များတယ်လို့ နိုင်ငံတကာ စီးပွားရေးကျမ်းတွေ ပြုစုနေသူတစ်ဦးဖြစ်တဲ့ Michael Kerr က ပြောခဲ့ဖူးပါတယ်။

(၂) ရုံးခဏခဏပျက်လာခြင်း

play
 

သူ့ဆီကနေ ဖျားတာနာတာမျိုးတွေ အရင်ကထက် ပိုကြားလာရမယ်။ ဒါမှမဟုတ်ရင်လည်း ရုံးတက်တာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာမယ်။ ဒီလို လက္ခဏာမျိုးတွေ တွေ့မြင်လာရပြီဆိုရင်တော့ အဲဒီလူဟာ လုပ်ငန်းခွင်ထဲမှာ ဆက်ပြီး မတိုက်လို၊ မနေလိုတော့တဲ့ အဓိပ္ပာယ်ကို ဆောင်နေတာဖြစ်ပြီး ရုံးခဏခဏပျက်၊ ခွင့်ခဏခဏယူတာကလည်း တခြားတစ်ခုကို ရှာဖို့ ပိုဖြစ်နိုင်လိမ့်မယ်လို့ Kerr က ပြောဖူးပါတယ်။

 

(၃) ရယ်ရွှင်တာတွေ ကင်းလာခြင်း

play
 

ပတ်ဝန်းကျင်က ရယ်ရွှင်စရာတွေဘယ်လောက်ပဲ ပြောနေပါစေ၊ လုပ်နေကြပါစေ အလုပ်ထွက်တော့မယ့် ဝန်ထမ်းတစ်ယောက်ရဲ့ အပြုအမူအားလုံးဟာ တည်ငြိမ်နေပြီး ဖော်ဖော်ရွေရွေနဲ့ ပေါ့ပေါ့ပါးပါးလောက်နဲ့ပဲ ဖြတ်သန်းလာတာကို တွေ့ရတတ်တယ်လို့ Taylor ရဲ့ ပြောပြချက်မှာ တွေ့ရပါတယ်။

(၄) အပြုမူတွေ ပြောင်းလဲလာခြင်း

play
 

Taylor ရဲ့ နောက်ထပ် ပြောပြချက်အရဆိုရင် အလုပ်ထွက်ဖို့ စိတ်ကူးရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အပြုအမူတွေဟာ လုံးဝကို ကွာခြားပြီး ထူးဆန်းလာတာကို တွေ့ရနိုင်ပါတယ်။ အထူးသဖြင့် သူ့ကိုယ်သူ ပိုပြီး ဂရုစိုက်လာလေ့ရှိကြပြီး သူ့ရဲ့ အခင်မင်ရဆုံး လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့သာ နေလယ်စာ ထွက်စားတော့တာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။

(၅) schedule ပြောင်းလဲသွားခြင်း

play
 

အလုပ်ထွက်တော့မယ့် ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ လုပ်ဆောင်မှုအစီအစဉ် (schedule) တွေကလည်း သူစတင်စဉ်းစားစ ကတည်းက ပြောင်းလဲသွားတတ်ပါတယ်။ အလုပ်လုပ်ချိန် နောက်ကျနေတတ်တာမျိုး၊ ရုံးကို နောက်အကျကြီးကျမှ ရောက်လာ တတ်တာမျိုး၊ ကြိုတင်အသိပေးတာမျိုးမရှိဘဲ အချိန်ပြောင်းလဲပစ်တာမျိုး စတဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲလုပ်ဆောင်တာမျိုးတွေကို တွေ့ရှိရနိုင်ပါတယ်။

Postby

 

Reference: business insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD