Career: ညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စရိုက် (၄) မျိုး

အောက်လက်ငယ်သားတွေမှာ လက်ဖျားခါလောက်တဲ့ အားသာချက်တွေ ရှိနေမယ်ဆိုရင်တောင် အမှုမထားဘဲ မျက်နှာလွှဲ နေတတ်သူတွေ ဖြစ်ပါတယ်။

play

 

လက်တွေ့မှာ ခေါင်းဆောင်မှုကို လူတိုင်း ပြုလုပ်နိုင်ကြပေမဲ့ လူတိုင်းတော့ ခေါင်းဆောင်မဖြစ်နိုင်ကြပါဘူး။ တချို့ကတော့ လုပ်ငန်းနဲ့ သက်ဆိုင် ဆက်နွှယ်နေတဲ့ ပညာရပ်တွေကို သင်ယူတတ်ကျွမ်းနေမယ်ဆိုရင် ဒီလူကို ခေါင်းဆောင်အရည်အချင်း ရှိသူလို့ မြင်နေတတ်ကြပါတယ်။ အမှန်တော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ပညာတွေဘယ်လောက်ပဲ တတ်နေပါစေ အောက်ဖော်ပြပါ စရိုက်တွေသာ သူ့ဆီမှာ ရှိနေမယ်ဆိုရင်တော့ အများမုန်းတဲ့ ပညာတတ်ခေါင်းဆောင်ညံ့တွေပဲ ဖြစ်လာပါလိမ့်မယ်။

(၁) သဘောထားကွဲလွဲမှုတိုင်းမှာ ညှိနှိုင်းဆွေးနွေးမှု မရှိခြင်း

play
 

အောက်လက်ငယ်သား တစ်ယောက်ယောက်နဲ့ပဲဖြစ်ဖြစ်၊ အခြားသော လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက် နဲ့ပဲဖြစ်ဖြစ် သဘောထားကွဲလွဲမှု အခြေအနေတွေနဲ့ ကြုံတွေ့လာရပြီဆိုရင်၊ ဒါမှမဟုတ် ပဋိပက္ခတစ်ခုကို ဖြေရှင်းရဖို့ ကြုံကြိုက်လာပြီဆိုရင် ဒီလို ခေါင်းဆောင်မျိုးတွေဟာ သူများတွေရဲ့ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးရမယ့်အစား သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကိုသာ ကိုင်စွဲထားကြလေ့ရှိသူတွေ ဖြစ်ပါတယ်။ ပြောရရင် သူဖြစ်ချင်တာတစ်ခုကိုပဲ ဦးတိုက်လုပ်ဆောင်လေ့ ရှိသူတွေပဲ ဖြစ်ပါတယ်။

(၂) အခြားသူတွေကို လုပ်ပိုင်ခွင့်တွေ ပေးရမယ့်အစား အာဏာလောက်ပဲ ပြနေတတ်ခြင်း

play
 

ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့စိတ်ထဲမှာ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ဘယ်လို့ ကူညီထောက်ပံ့ ပေးရမလဲ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လိုအပ်ချက်တွေကိုပဲဖြစ်ဖြစ် ဘယ်လို ဖြည့်ဆည်းပေးရမလဲဆိုတာ အမြဲတွေးနေ၊ ကြည့်နေလေ့ ရှိကြသူတွေဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ပါဘဲနဲ့ အာဏာနဲ့ နေရာလောက်ပဲ စိတ်ကူးရှိနေမယ်ဆိုရင်တော့ ဒီခေါင်းဆောင်မျိုးဟာ ခေါင်းဆောင်ကောင်းတွေနဲ့ ဆန့်ကျင်ဘက်လားရာကို လျှောက်လှမ်းပြီး ပညာတတ် လူဆိုးဘွဲ့ ခံယူမယ့်သူတွေပဲ ဖြစ်ပါတယ်။

 

(၃) အဖွဲ့အစည်းရဲ့ အားသာချက်တွေကို ချိုးနှိမ်ပစ်တတ်ခြင်း

play
 

အောက်လက်ငယ်သားတွေမှာ လက်ဖျားခါလောက်တဲ့ အားသာချက်တွေ ရှိနေမယ်ဆိုရင်တောင် အမှုမထားဘဲ မျက်နှာလွှဲ နေတတ်သူတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီအားသာချက်တွေကို ပေါ်ထွက်လာအောင် ဘယ်လို လုပ်ဆောင်ပြီး ရယူရမလဲဆိုတာ မသိနားမလည်တတ်သူတွေ ဖြစ်ကြပါတယ်။

(၄) နားထောင်တတ်လေ့ မရှိခြင်း

play
 

ခေါင်းဆောင်ကောင်းတွေဟာ နားထောင်ခြင်းကို ဦးစားပေးကြလေ့ရှိပေမဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေကတော့ နားထောင်မှုဆိုတာ သူတို့နဲ့ မဆိုင်သလိုပါပဲ။ အောက်လက်ငယ်သားတွေရဲ့ စကားလုံးတွေ၊ အထင်အမြင်၊ အယူအဆတွေပဲဖြစ်ဖြစ်၊ အခြားသော လုပ်ဖော်ကိုင်ဘက်တွေရဲ့ အထင်အမြင်အယူအဆတွေပဲဖြစ်ဖြစ် သိကြီး လေးလေးနက်နက် ဂရုစိုက်လေ့ မရှိကြပါဘူး။

Postby

 

Reference: atmanco

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ