Career: အလုပ်ပြပွဲတွေကို အကျိုးရှိရှိအသုံးချနိုင်မယ့် အကြံပြုချက် (၅) မျိုး

တကယ်တော့ အလုပ်ရှာတယ်၊ အင်တာဗျူးဝင်တယ်၊ အလုပ်ရှင်တွေနဲ့ အလုပ်ကိစ္စ စကားပြောကြတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရောင်းနေတာနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။

play

 

အလုပ်ပြပွဲတွေဟာ သိပ်ကြီးအသုံးမဝင်ဘူးလို့ ထင်ရပေမဲ့ အမှန်တကယ်တော့ စိတ်ကျေနပ်စရာ ဖြစ်စေနိုင်လောက်တဲ့ အခွင့်အလမ်း တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒီလို အခွင့်အလမ်းမျိုးတွေကို တခြား အလုပ်ရှာ ဝက်ဆိုက်တွေ၊ အေဂျင်စီတွေက ဖန်းတီးပေးနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ့ကြောင့် အလုပ်ပြပွဲတွေကို တတ်နိုင်သမျှ သွားပေးတာ အကောင်းဆုံးပါ။ အထူးသဖြင့် သင့်အနေနဲ့ အလုပ်ရှာနေတယ် ဆိုရင် ပိုပြီး တက်ရောက်သင့်ပါတယ်။ အဲဒီလို အလုပ်ပြပွဲတွေ တက်ရောက်တော့မယ်ဆိုရင် ဒီအလုပ်ပြပွဲတွေကို သင့်အတွက် ကောင်းကောင်း အသုံးချနိုင်ရေးအတွက် ဘာတွေ ပြင်ဆင်သွားသင့်လဲဆိုတဲ့ အကြံပြုချက်အချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ပါဝင်ဆင်နွှဲကြမယ့် ကုမ္ပဏီတွေကို စာရင်းပြုစုထားပါ

play
 

အလုပ်ခေါ်တဲ့သူတွေဆိုတာ ကြိုတင်ပြင်ဆင်မှုရှိတဲ့သူတွေကို ပိုလိုလားကြပါတယ်။ သူတို့နဲ့ စကားပြောတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အလုပ် လုပ်ဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့။ ဒါ့ကြောင့် သင့်အနေနဲ့ ဟိုရောက်မှ ကြုံကြိုက်လို့ ဝင်ပြိုင်တာမျိုး၊ ဝင်ပြတာမျိုးထက် မသွားခင်ကတည်းက ဘယ်သူ့ကို (သို့) ဘယ်ကုမ္ပဏီကို တွေ့မယ်၊ ပြောမယ် စသဖြင့် ကိုယ်စိတ်ဝင်စားရာကို တိတိကျကျ ရွေးချယ်ထားဖို့၊ သိထားဖို့ လိုပါတယ်။

အဲဒီလို ရွေးချယ်ကြည့်ဖို့အတွက် ပါဝင်မယ့် ကုမ္ပဏီတွေကို စာရင်းကောက်ကြည့်ပါ။ ပြီးရင် ကိုယ်စိတ်ဝင်စားရာကို ရွေးချယ်ပါ။ နှစ်ခု၊ သုံးခု ဖြစ်နေမယ်ဆိုရင်တော့ ဘယ်ဟာကို အရင်တွေ့မယ်။ ဘယ်ဟာကို နောက်ဆုံးတွေ့မယ်။ ဘာတွေမေးမယ်၊ ပြောမယ် စသဖြင့် ကြိုတင် စီစဉ်သွားပါ။

(၂) ကိုယ်စိတ်ဝင်စားရာ ကုမ္ပဏီနဲ့ပတ်သက်တာတွေကို လေ့လာထားပါ

play
 

သင့်စာရင်းထဲကနေ သင်စိတ်ဝင်စားမှုရှိတဲ့ ကုမ္ပဏီတွေကို ရွေးချယ်၊ ရွေးထုတ်ကြည့်ပြီးရင် သူတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကို ဝက်ဘ်ဆိုက်တွေကနေပဲဖြစ်ဖြစ် ရရာအရင်းအမြစ်တွေကနေ လေ့လာကြည့်ထားပါ။ ဒီလို လေ့လာထားခြင်းက သင်နဲ့ အလုပ်ခေါ်သူတို့ စကားပြောရတဲ့အချိန်၊ ညှိနှိုင်းရတဲ့အချိန်မျိုးတွေမှာ အတော်လေးကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ပြီးရင်လည်း လေ့လာရင်းနဲ့ ဘယ်ကုမ္ပဏီကိုတော့ ဘယ်အရာတွေကို မေးရမယ်၊ ဘာတွေပြောရမယ်စသဖြင့် တခါတည်း စဉ်းစား မှတ်သားထားပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ရောင်းတတ်အောင်လည်း လေ့ကျင့်ထားပါ

play

တကယ်တော့ အလုပ်ရှာတယ်၊ အင်တာဗျူးဝင်တယ်၊ အလုပ်ရှင်တွေနဲ့ အလုပ်ကိစ္စ စကားပြောကြတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရောင်းနေတာနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။ အကယ်၍သာ သူတို့စိတ်ဝင်စားလာအောင်၊ ဒါမှမဟုတ် သင်နဲ့ လက်တွဲလုပ်ကိုင် ချင်လာအောင် သင့်ကိုသင် မရောင်းချတတ်ဘူးဆိုရင် ယှဉ်ပြိုင်သူတွေ မြောက်မြားစွာကြားထဲမှာ သင်ဟာ ကျန်ခဲ့ပါလိမ့်မယ်။ ဒါ့ကြောင့် များများလေ့ကျင့်ထားပါ။ ဘယ်အရာ၊ ဘယ်အချက်တွေက အလုပ်ခေါ်သူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်မလဲဆိုတာ ကြိုတင်လေ့လာ တွေးတောထားပါ။ များများ လေ့ကျင့်ထားပါ။ ကိုယ်ဘာသာလည်း အိမ်မှာ အသံနေအသံထားမှန်မှန်နဲ့ အထပ်ထပ်ပြောကြည့်ထားပါ။

 

(၄) ကိုယ်စကားပြောမယ့်သူရဲ့ နာမည်ကို စုံစမ်းထားပါ

play
 

သင်စကားပြောမယ့်သူရဲ့နာမည်ကို ပြီးမှ ကြုံလို့မေးရတာမျိုး မဖြစ်ပါစေနဲ့။ တတ်နိုင်သမျှ ကြိုသိထားအောင် စုံစမ်းထားပါ။ အထူး သဖြင့် အလုပ်များနေတဲ့သူဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် ဆူညံသံတွေ ပြည့်နှက်နေမယ်ဆိုရင် နာမည်မေးဖို့ရာ အခက်တွေ့စေ နိုင်ပါတယ်။ ကိုယ့်ဘက်က သူ့နာမည်ကို ကြိုသိထားမယ်ဆိုရင် တစ်ဦးကိုတစ်ဦး မိတ်ဆက်ကြတဲ့အခါမှာလည်း မျက်နှာပန်း သင့်စေပါတယ်။ အစအဖွင့်ကို ကောင်းမွန်စွာစတင်နိုင်မယ်ဆိုရင် နောက်ထပ် လိုအပ်တဲ့အချက်တွေကို လိုက်ဖို့ဆိုတာ သိပ်ကြီး ခက်ခဲနိုင်ဖွယ် မရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် သင်စကားပြောမယ့်သူတွေရဲ့ နာမည်တွေကို သိထားအောင် တတ်နိုင်သမျှ ကြိုလေ့လာထားပါ။

(၅) လိုက်ပါ (follow up လုပ်ပါ)

play

အစပိုင်းမှာ ပြောခဲ့တဲ့ အချက်တွေလိုပဲ follow up (လိုက်ခြင်း) လုပ်ပေးဖို့ကလည်း လိုအပ်ပါတယ်။ အလုပ်ခေါ်မယ့် မန်နေဂျာ အများစုဟာ ပြိုင်ဆိုင်လာကြတဲ့ အလုပ်လျှောက်ထားသူတွေရဲ့ အနေအထားတွေပေါ် မူတည်ပြီးတော့ ရွေးချယ်စဉ်းစားဖို့ အချိန်ယူတတ်လေ့ရှိကြပါတယ်။ ဒီလိုအနေအထားမျိုးမှာ သင့်ဘက်က ကောင်းကောင်း လိုက်ပေးနိုင်မယ်ဆိုရင် အတော်လေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဘယ်လိုလိုက်နိုင်မလဲဆိုရင် ထင်သာမြင်သာအရှိဆုံးကတော့ သင့်ရဲ့ အလုပ်လျှောက်လွှာ (CV) ကို မိတ္တူပွားပြီး ပေးလိုက်တာမျိုး၊ ပြီးရင်လည်း အီးမေးလ်ကို ကောင်းကောင်းလေး ရေးပြီးတော့ အခြေအနေစုံစမ်းတဲ့အနေနဲ့ပဲဖြစ်ဖြစ် ပို့ပေးတာမျိုးတို့ကလည်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

Postby

 

Reference: careeraddict

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ