AD
AD
AD
play

 

အဆက်မွေးဝမ်းကျောင်းမှုနဲ့ပတ်သက်ပြီး ပေးထားတဲ့ အကြံဉာဏ်တွေကတော့ အများကြီးရှိပါတယ်။ သင်ကြိုက်နှစ်သက်ရာကို ရွေးပြီး ကျင့်သုံးရုံပါပဲ။ ဒါပေမဲ့ အခုဖော်ပြထားတဲ့ (၇) မျိုးကတော့ သင်တို့ အရင်က ကြားတောင်မကြားဖူးနိုင်လောက်တဲ့ အကြံပြုချက်လေးတွေပဲ ဖြစ်ပါတယ်။ လေ့လာကြည့်ပါ။

(၁) သင့်ကိုယ်သင် မတန်တဆဝန်ပိစေအောင် မလုပ်မိပါစေနဲ့

play
 

အရမ်းအလုပ်ရှုပ်မခံပါနဲ့။ တော်ပေမဲ့ အလုပ်ထဲမှာ အပဲ အရမ်းနှစ်မြှုပ်ထားတတ်ကြသူတွေ အတော်တော်များများကို ရာထူး တက်မပေးကြတာ အားလုံးလည်း တွေ့ဖူးကြမယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင် သူတို့ဟာ အလုပ်မှာ အများကြီးနှစ်မြှုပ်ထားပြီး အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်နေကြတာ မှန်ပေမဲ့ နောက်ဆုံး ခြေကုန်လက်ပန်းကျနေတဲ့ပုံမျိုး ဖြစ်လာစေနိုင်ပါတယ်။

သင့်အနေနဲ့ စိတ်ဖိစီးမှုများနေတဲ့ပုံ ပေါက်နေမယ်ဆိုရင် လူတွေကလည်း သင်ဟာ ဒိထက်ပိုပြီး တာဝန်ပေးလို့မဖြစ်နိုင်သေးသူ၊ အဆင်သင့် မဖြစ်သေးသူတစ်ယောက်လို့ပဲ တွေးထင်သွားကြပါလိမ့်မယ်။ နောက်ဆုံး သင့်ရဲ့ အခွင့်အလမ်းတွေနဲ့ အသစ်အသစ် သော ပြောင်းလဲမှုတွေကိုလည်း လက်လွှတ်ဆုံးရှုံးရစေနိုင်ပါတယ်။  

(၂) ပျော်သင့်တဲ့အချိန်မှာ ပျော်သင့်တဲ့အရာအတွက် သွားပျော်ပစ်လိုက်ပါ

play
 

ဒီအချက်က အလုပ်သစ်ကို ရောက်စဆိုရင် ပိုအသုံးဝင်ပါလိမ့်မယ်။ သင့်ကို တစ်ယောက်ယောက်က နေ့လယ်စာ စားဖို့ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင် အအေးဆိုင်ထိုင်ဖို့ပဲဖြစ်ဖြစ် လာခေါ်နေမယ်ဆိုရင် လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။ လက်ခံသင့်တဲ့ အနေအထားဖြစ်ပါက လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။ အကယ်၍ သင်သာ သူတို့ကို ယဉ်ယဉ်ကျေးကျေးနဲ့ အကြောင်းပြချက် ပေးပြီး ငြင်းပယ်လိုက်မယ်ဆိုရင် သူတို့အားလုံး ရပ်တန့်သွားပါလိမ့်မယ်။

(၃) သူတို့ဟာ သင့်အတွက် ဦးစားပေးဖြစ်တယ်ဆိုတာကို ပြပါ

လူတွေဟာ သင့်ကို ဖုန်းကနေတစ်ဆင့် စစ်ကြည့်တတ်တယ်ဆိုတာ သိထားပါ။ သူတို့ ဖုန်းခေါ်တဲ့အချိန်မှာ သင့်ဘက်က ပြန်ဖြေခဲ့ တာမျိုးမရှိဘူးဆိုရင် သင်ဟာ သူတို့အပေါ်မှာ ဦးစားပေးမှုနည်းတယ်လို့ပဲ သတ်မှတ်သွားပါလိမ့်မယ်။

 

play

 

(၄) သူများကို ကူညီနိုင်မယ့်နည်းလမ်းတွေ ရှာပါ

သင့်ကို တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးဆိုရင်တောင်မှ သူများကို ကူညီနိုင်အောင် ကြိုးစားပါ။ ဆိုလိုတာက နည်းနည်း လေးလောက် အားစိုက်ပြီး မေးခွန်းလေးတွေ ဖြေပေးတာတို့၊ တစ်ခုခုတရာရာကို စီစဉ်ပေးတာတို့၊ တံခါးဖွင့်ပေးတာတို့ စသဖြင့် ပေါ့။ အကူအညီလိုနေသူတွေကို သင့်အတွက် ပြန်မရနိုင်ရင် တောင်မှပဲ ကူညီနိုင်အောင် ကြိုးစားပါ။ အခုမရပေမဲ့လည်း အဲဒီ ကူညီခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ နောင်တစ်ချိန်မှာတော့ သင့်ဆီကို မျှော်လင့်မထားတဲ့ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါလိမ့်မယ်။

(၅) လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ

လက်ရှိအလုပ်ကနေ ထွက်သွားမယ်ဆိုရင်တောင်မှ ကိုယ်နဲ့တွဲလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေပါ။ အဆက်အသွယ်ကျယ်ပြန့်မှုရှိခြင်းက တစ်ချိန်မှာ သင့်အတွက် တန်ဖိုးများစွာရှိလာပါလိမ့်မယ်။

play

 

(၆) သင့်ရဲ့အားနည်းချက်တွေကို သိအောင်လုပ်ပါ

အားနည်းချက်ဆိုတာ သင်သိပ်သတိမထားမိတဲ့ သင့်ကို အနာတရဖြစ်စေဆုံးအရာတွေပဲ ဖြစ်ပါတယ်။ ပြောရရင် blind spot နဲ့ အလားတူပါပဲ။ အကယ်၍ သင့်ရဲ့အားနည်းချက်တွေကို ဖုံးဖိထားပြီး ကျော်လွှားနိုင် အောင်လုပ်မယ်ဆိုရင် သူများအကူအညီတွေ လိုအပ်နေပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အားနည်းချက်ကို သိအောင်လုပ်ပါ။ ပြီးရင် ရိုးသားပွင့်လင်းစွာနဲ့ပဲ အဲဒီအရာတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။

(၇) သင့်ပတ်ဝန်းကျင်ကလူတွေဆီကနေ သင်ယူပါ

တချို့စကေးတွေကို သင်ယူချင်တယ်ဆိုရင် ကိုယ်သင်ယူချင်တဲ့နယ်ပယ်မှာ ကျွမ်းကျင်မှုရှိနေတဲ့ တစ်ယောက်ယောက်ကို သင့်ပတ်ဝန်းကျင်မှာ ရှာပါ။ ပြီးရင် သူတို့တွေ ဘာတွေကို ဘယ်လိုလုပ်တယ်ဆိုတာ စောင့်ကြည့်ပါ။ ပြီးရင် လိုက်လုပ်ပါ။ သင့်အတွက် ဘာလုပ်ရမလဲဆိုတာ ရှာဖွေပြီး သင့်ရဲ့ကိုယ်ပိုင်စတိုင်ဖြစ်လာ အောင် modify လုပ်ယူပါ။

Postby

 

Reference: business insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD