Career: content writer တစ်ယောက်ဖြစ်ချင်ရင် ဒီ (၅) ချက်ကို သိထားပါ

စာရေးတဲ့နေရာမှာ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေ အရေအတွက် အကန့်အသတ်မရှိလောက်အောင် ပေါများနေပေမဲ့လည်း ကိုယ်ပိုင်အာဘော်နဲ့ ထုတ်လုပ်လိုက်တဲ့ စာပေတွေကိုပဲ လူထုအများစုက တောင်းဆိုမှု မြင့်မားနေဆဲဖြစ် ပါတယ်။

play

 

အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း content writing တို့ online writing တို့ဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာ တာကို တွေ့ရပါတယ်။ ဒီလိုကျယ်ပြန့်လာခြင်းဟာ စာပေဝါသနာရှင်တွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ အခွင့်သာစေတဲ့အတွက် ကောင်းတယ်လို့ ဆိုရပါမယ်။ ပြီးတော့ ဒီအလုပ်မျိုးဟာ အိမ်မှာနေပြီး အွန်လိုင်းသုံးရင်း အလွတ်တမ်း လုပ်ဆောင်လို့ရနိုင်တဲ့ အတွက်လည်း ပိုပြီးတော့ အဆင်ပြေလှပါတယ်။ အဲဒီလိုပဲ content writer တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေသူတွေ လည်း အများကြီးရှိလာတာကိုလည်း တွေ့ရပါတယ်။ တကယ်လို့ သင်လည်း content writing ဘက်မှာပဲဖြစ်ဖြစ်၊ စာရေးတဲ့ အတတ်ပညာဘက်မှာပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုရင် အခုဖော်ပြပေးလိုက်တဲ့ အချက်ကလေးတွေကို လေ့လာထားဖို့ အကြံ ပြုပေးလိုက်ပါတယ်။

play

 

(၁) သုတေသနပြုနိုင်စွမ်း

အကောင်းဆုံး online writers (သို့) content writers တွေဟာ နက်နက်ရှိုင်းရှိုင်း ရှာဖွေလေ့လာ ဖော်ထုတ်နိုင်သူတွေ ဖြစ်ကြ ပါတယ်။ သူတို့ဟာ သူတို့ထုတ်လုပ်မယ့် စာတွေပေတွေအတွက် ခြေခြေမြစ်မြစ်ဖြစ်စေမယ့် အချက်အလက်အမျိုးမျိုးနဲ့ အကြောင်းအရာအမျိုးမျိုးကို စဉ်းစားရှာဖွေ လေ့လာဖော်ထုတ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ကြတယ်။ အဖြစ်နိုင်ဆုံး သတင်း အချက်အလက်တွေနဲ့ နောက်ဆုံး Update တွေကို ဘယ်နေရာမှာ ဘယ်လိုရှာဖွေရမလဲဆိုတာ ကောင်းကောင်းသိကြသူတွေ ဖြစ်ပါတယ်။

ရှာဖွေလေ့လာဖော်ထုတ်တဲ့နေရာမှာ၊ တစ်နည်းပြောရရင် သုတေသနပြုလုပ်တဲ့နေရာမှာ ရရှိလာတဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ အကိုးအကားပြုနိုင်မယ့် ပင်မအရင်းအမြစ်တွေကို double-checking လုပ်ပေးဖို့လည်း လိုပါတယ်။ သုတေသနပြုနိုင်စွမ်း ညံ့ဖျင်းတဲ့စာရေးဆရာတစ်ယောက် ရေးသားထုတ်လုပ်လိုက်တဲ့ စာပေအများစုဟာ အားလုံးခြုံကြည့် လိုက်မယ်ဆိုရင် မပြည့်မစုံနဲ့ ကပျက်ယပျက် ဖြစ်နေတာ များပါလိမ့်မယ်။

play

 

(၂) စာရေးနည်းပုံစံအမျိုးမျိုးနဲ့ အကျွမ်းတဝင်ရှိခြင်း

Web-writing ဟာ Print-writing နဲ့ အများကြီး ခြားနားပါတယ်။ ဒါကြောင့် online writers တွေဟာ သူတို့ချပြမယ့် လူထုနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားလည်ထားဖို့ လိုအပ်သလို၊ အဲဒီပစ်မှတ်ထားတဲ့ လူထုအတွက် ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လိုရေးမလဲဆိုတာနဲ့ အမျိုးမျိုးသော လူ့အလွှာ၊ လူ့အသိုင်းအဝိုင်းက နားလည်နိုင်အောင် ဘယ်လိုတင်ပြရမလဲဆိုတာ ကိုလည်း နားလည်ထားဖို့ လိုပါတယ်။

ဒါ့ကြောင့် Content writing ပဲဖြစ်ဖြစ်၊ academic writing ပဲဖြစ်ဖြစ်၊ ဘယ်လိုစာရေး ဆရာမဆို အခြေခံအားဖြင့်တော့ သူတို့ မှာ စာပေရေးသားနည်း အမျိုးမျိုးနဲ့ အကျွမ်းတဝင်ရှိထားဖို့ လိုပါတယ်။ ငါကတော့ စာကြီးပေကြီးတွေ ရေးသားနေတဲ့သူပဲ၊ သတင်းရေးသားနည်းတွေ ကာတွန်းရေးသားနည်းတွေ လေ့လာနေဖို့ မလိုပါဘူး။ သိထားဖို့လည်း မလိုပါဘူးလို့ လုပ်လို့ မရပါ ဘူး။ အားလုံးက တစ်ခုနဲ့တစ်ခု အပြန်အလှန်အကျိုးပြု နေကြတာချည်းပါပဲ။

play

 

(၃) ကိုယ်ပိုင်အာဘော်နဲ့ ကလောင်စွမ်းပြနိုင်ခြင်း

စာရေးတဲ့နေရာမှာ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေ အရေအတွက် အကန့်အသတ်မရှိလောက်အောင် ပေါများနေပေမဲ့လည်း ကိုယ်ပိုင်အာဘော်နဲ့ ထုတ်လုပ်လိုက်တဲ့ စာပေတွေကိုပဲ လူထုအများစုက တောင်းဆိုမှု မြင့်မားနေဆဲဖြစ် ပါတယ်။ ကိုယ်ပိုင် အာဘော်နဲ့ ထုတ်လုပ်လိုက်တဲ့ content တွေဟာ သစ်လွင်နေဆဲပဲဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုတည်းကိုပဲ တခြားစာရေး ဆရာတွေ ဘယ်နှကြိမ်၊ ဘယ်လောက်များများ ရေးသားထားပါစေ စာဖတ်သူတွေကတော့ ဂရုမစိုက်ဘဲ စာရေးဆရာဆီက ကိုယ်ပိုင်အာဘော်နဲ့ ထုတ်လုပ်လိုက်တဲ့ content ကို ပိုပြီးစိတ်ဝင်စားကြတာကိုလည်း တွေ့ရပါတယ်။

အများကြားမှာ စာရေးဆရာတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ဆိုရင် ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ ကိုယ်ပိုင်အသံတွေ ဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း အသံသာပြီး သစ်လွင်တဲ့အိုင်ဒီယာတွေ ထုတ်နိုင်ဖို့ရာအတွက် သုတေသနပြုရတာလည်း ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

play

 

(၄) အချိန်စီမံခန့်ခွဲနိုင်မှုရှိခြင်း

မှန်ကန်တဲ့ အချိန်စီမံခန့်ခွဲနိုင်စွမ်း မရှိခြင်းဟာလည်း စာရေးဆရာအများစုအတွက် အကြီးမားဆုံး နှောင့်နှေးမှုတစ်ခု ဖြစ်စေပါ တယ်။ ကိုယ်တာဝန်ယူထားတဲ့ ပရောဂျက်အတွက် ပျမ်းမျှအားဖြင့် အချိန်ဘယ်လောက်များများ အသုံးပြုရမလဲဆိုတာ မှန်မှန် ကန်ကန်နဲ့ တွက်ထုတ်နိုင်လေ အချိန်မီပြီးမြောက်ဖို့အတွက် အခွင့်အလမ်း များလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာရေးဆရာ တစ်ယောက်မှာ ကိုယ်လုပ်မယ့်ဟာတွေအတွက် တစ်နေ့စာချင်းစီအတွက်ပဲဖြစ်ဖြစ် အစီအစဉ်ရေးဆွဲထားသင့်ပြီး အဲဒီအစီ အစဉ်အတိုင်းပဲ အချိန်လုံလုံလောက်လောက်ပေးပြီး လုပ်ဆောင်နိုင်အောင် အားထုတ်သင့်ပါတယ်။

 

play

 

(၅) စာပြင်၊ စာဖတ်နဲ့ စိစစ်ပြင်ဆင်နိုင်စွမ်းရှိခြင်း

သဒ္ဒါပိုင်းဆိုင်တတ်ကျွမ်းမှုနဲ့ ပုံစံချစိစစ်နိုင်မှုတို့ဟာ စာရေးဆရာတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စကေးတွေပဲ ဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့စာတွေကို ဝက်ဘ်ဆိုက် (သို့) လိုင်းပေါ်မတင်ခင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖောက်သည်ဆီကို မပေးပို့ခင်မှာ အမှားအမှန်နဲ့ ဆီလျော်မှု ရှိမရှိဆိုတာတွေကို အကြိမ်ကြိမ် ထပ်ပြန်တလဲလဲ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ စာရေးနေတဲ့သူ အတော်များများဟာ ပျော်လို့ပဲရေးရေး၊ ပျင်းလို့ပဲရေးရေး၊ နောက်ဆုံး ပရော်ဖက်ရှင်နယ်အဖြစ်နဲ့ပဲရေးရေး ဒီအရေးအကြီးဆုံးအချက်ကို ဂရုမစိုက် အလေးမထားကြတော့တာကို အများ အပြားတွေ့မြင်နေရပါတယ်။ တကယ်တော့ ဒါဟာ မဖြစ်သင့်ပါဘူး။

ကျွန်တော်တို့ မြန်မာဘာသာစကားဟာ အရွေ့ဘာသာစကားဆိုလို့ ရနိုင်ပေမဲ့ တစ်သီးပုဂ္ဂလ ရပ်တည်နိုင်တဲ့ စကားလုံးတွေနဲ့ အများစုဖွဲ့စည်းကြရတာဖြစ်တဲ့အတွက် ဝိဝါဒကွဲပြားမှုတွေ၊ အပေါ့အလေး ယုတ်လျော့မှုတွေ၊ အရသာပျက်ယွင်းမှုတွေ ဖြစ်သွားစေနိုင်သလို ခြေခြေမြစ်မြစ် မသိနားမလည်ဘဲ လုပ်လိုက်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ့်စကားကိုလည်း အများကြီး ထိပါးသွားစေပါလိမ့်မယ်။

Postby

 

Reference: career

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ