Career: Y-မျိုးဆက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနေတဲ့ (၅) ချက်

တကယ်တော့ သူတို့ရဲ့ career တိုးတက်မှုအတွက် မျှော်ကိုးပြီး လေ့လာဖို့ နယ်ပယ်တစ်ခုအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အလုပ်သမားအင်အားစုထဲမှာ Y-မျိုးဆက် ဝန်ထမ်းတွေ ဝင်ရောက်လာမှုနှုန်းဟာ အံအားသင့်လောက်အောင်ကို မြင့်တက်နေပါတယ်။ အများစုက အချိန်ပြည့်အလုပ်တွေကို ရှာဖွေနေကြတယ်။ တချို့ကတော့ သူတို့ရဲ့ resume ကို boost လုပ်ဖို့အတွက် ပညာသင်အခွင့်အလမ်းတွေကို ရှာဖွေကြပြီး သူတို့မျှော်မှန်းချမှတ်ထားတဲ့ career ကို ဖြည့်တင်း မြှင့်တင်ပေးကြတယ်။

play

 

ဒါပေမဲ့ တချို့ဝန်ထမ်းတွေမှာ generation ခြားနားမှုတွေနဲ့ လွဲမှားတဲ့ ဆက်သွယ်မှုတွေကြောင့် ညှိနှိုင်းဖို့ ခက်ခဲတဲ့ မျိုးဆက်သစ်အုပ်စုလို့ ဆိုကြတယ်။ အဲဒီလိုထင်နေမယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့အချက်တွေကို သေသေချာချာ ရှင်းလင်းအောင် လေ့လာကြည့်ပါ။ ဒါတွေဟာ နားလည်မှုလွဲမှားနေခြင်းဖြစ်တယ်ဆိုတာ ပေါ်လွန်လာပါလိမ့်မယ်။

၁။ သူတို့ဟာ ပိုက်ဆံရဖို့လောက်ပဲ စိတ်ဝင်စားကြတယ်လို့ ထင်ကြတယ်

Y-မျိုးဆက်တွေဟာ ကျောင်းသားဘဝကနေ လာကြတာဆိုတော့ သူတို့ကျောင်းမှာ ငွေကုန်ကျေးကျ များခဲ့တာမှန်ပေမဲ့ သူတို့အတွက် ငွေကြေးဟာ လှုံ့ဆောင်နိုင်မှု အကောင်းဆုံး အကြောင်းအရင်းတစ်ခုတော့ မဟုတ်ပါဘူး။ တကယ်တော့ သူတို့ရဲ့ career တိုးတက်မှုအတွက် မျှော်ကိုးပြီး လေ့လာဖို့ နယ်ပယ်တစ်ခုအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

play

 

၂။ သူတို့ဟာ လေ့ကျင့်ပေးဖို့ ခက်ခဲသူတွေလို့ ထင်ကြတယ်

ဝန်ထမ်းအများစုဟာ Y-မျိုးဆက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ အတွေးမှားနေကြတယ်။ သူတို့ကို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်းပဲ လျှောက်လှမ်းကြဖို့ လိုမယ်လို့ ထင်နေကြတယ်။ တကယ်တော့ သူတို့ရဲ့ အလုပ်တွေမှာ တစ်ဆင့်ချင်း ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပေးဖို့ (သို့) သင်ယူဖို့ ဆန္ဒမရှိကြပါဘူး။

၃။ သူတို့ဟာ အလုပ်တစ်ခုကို ငြီးငွေ့လွယ်ပြီး အလုပ်ခဏခဏပြောင်းလိုကြတယ်လို့ ထင်ကြတယ်

ဟုတ်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ Y-မျိုးဆက်ဝန်ထမ်းတွေဟာ နှစ်စဉ် (၂)နှစ်ပြည့်တိုင်း အလုပ်ပြောင်းလဲ လုပ်ကိုင်လေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေဟာ တချို့လူတွေထင်နေသလို ပျင်းရိငြီးငွေ့လွယ်လို့တော့ မဟုတ်ပါဘူး။ အခြေချဖို့ နေရာရှာမရဖြစ်နေလိုပပါ။

play

 

၎။ သူတို့ဟာ လုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်တွေကို လေးစားမှုမရှိကြဘူးလို့ ထင်ကြတယ်

တကယ်တော့ သူတို့ဟာ အကြောင်းမဲ့သက်သက်တော့ သူများနောက်ကို လွယ်လွယ်နဲ့ လိုက်ချင်ကြသူတွေ မဟုတ်ကြပါဘူး။ အဲဒီလို လိုက်မယ့်အစား၊ Y-မျိုးဆက် ဝန်ထမ်းတွေဟာ သူတို့ရဲ့ authority တွေဟာ ယုံကြည်လို့ ရ,မရဆိုတာ သိချင်ကြတယ်။

၅။ သူတို့ဟာ ဦးတည်ချက် လွဲမှားနေသူတွေလို့ ထင်ကြတယ်

Y-မျိုးဆက်ဝန်ထမ်းတွေကို တစ်ခုခုကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်လည်း ပြောဖူးမယ်ထင်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ပဲ ပြုလုပ်ခဲ့ကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ တကယ်တော့ သူတို့ရဲ့တာဝန်တွေပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေ၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လုပ်ဆောင်ခွင့်ပေးမယ်ဆိုရင် Y-မျိုးဆက်ဝန်ထမ်းတွေက ပိုပြီးတော့တောင် စွမ်းဆောင်ရည် ကောင်းနေပါလိမ့်မယ်။

Reference: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ