Education: City Mart ရဲ့ City Love & Hope ဖောင်ဒေးရှင်းက ထူးချွန်ကျောင်းသားတွေ အဆင့်မြင့်ပညာရေး တက်လှမ်းနိုင်ရေး ပညာသင်ဆုတွေပေးမယ်

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ထူးချွန်ကျောင်းသားတွေ အဆင့်မြင့်ပညာရေး တက်လှမ်းနိုင်ရေးအတွက် ပညာသင်ဆုတွေပေးသွားမှာပါ။

play

 

City Mart Holding Co., Ltd. ရဲ့ City Love & Hope Foundation နဲ့ The Pre-Collegiate Program of Yangon (PCP) တို့ ပူ:ပေါင်းပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ထူးချွန်ကျောင်းသားတွေ အဆင့်မြင့်ပညာရေး တက်လှမ်းနိုင်ရေးအတွက် ပညာသင်ဆုတွေပေးသွားမယ်လို့သိရပါတယ်။

ဒီ program ကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးအဆင့်မြင့်ပညာရေးကိုစိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေ အပြင်နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာစိတ်အားထက်သန်တဲ့ လူငယ်တွေဝင်ရောက် လျှောက်ထားနိုင်မှာပါ။ နိုင်ငံခြားကိုသွားရောက် ပညာသင်ကြားမယ့်လူငယ်တွေအတွက်ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်ပေးတဲ့ PCP ပရိုဂရမ်ရဲ့ အောက်တိုဘာ Intake တွင် အဆင့်ဆင့်အရည်အချင်းစစ်စာမေးပွဲများ ဖြေဆိုပြီး တတ်ရောက်ခွင့်ရတဲ့ ၃ ဦးကိုရွေးချယ်ပြီး City Love & Hope Foundation အနေနဲ့ အနာဂတ်မှာထူးချွန်ပြောင်မြောက်ပြီး နိုင်ငံကိုပြန်လည် အကျိုးပြုမယ့် ထူးချွန်လူငယ်တွေ ပေါ်ပေါက်လာစေဖို့ရည်ရွယ်ကာ ပညာသင်ဆုပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

PCP Program မှာလေ့ကျင့်သင်ကြားရေးသင်တန်းကာလက ၁၆ လကြာမြင့်မှာဖြစ်ပြီးသင်တန်းကာလအတွင်းမှာWorld Philosophies၊ Integrated Science၊ Comparative Literature၊ American History၊ SAT၊TOFELဆိုတဲ့ဘာသာရပ် ၆ ခုနဲ့ ကျောင်းပြင်ပသင်ခန်းစာတွေဖြစ်တဲ့ Field Trips၊ Touchstones Discussions၊ Newsroom၊ Community Service၊ Guest Speakers ၊ Cross-Cultural Exchanges နဲ့ Internshipsတို့ကိုသင်ကြားလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

The Pre-Collegiate Program of Yangon ကိုတော့၂၀၀၃ခုနှစ်မှာ Yale တက္ကသိုလ်မှ Ph.D. ပါရဂူဘွဲ့ရရှိထားသူ သုံးဦးဖြစ်တဲ့ Dr. Jim Guyot, Dr. Dorothy Guyot, နဲ့ Dr. U KhinMaung Win တို့ကစတင်တည်ထောင်ခဲ့ တာပါ။ပရိုဂမ်ရဲ့ရည်ရွယ်ချက်က မြန်မာကျောင်းသားကျောင်းသူတွေကို အမေရိကန်တက္ကသိုလ်တွေမှာပညာသင်ဆုနဲ့ တက္ကသိုလ်ပထမဘွဲ့ (Bachelors’ Degree) တွေသင်ကြားရရှိနိုင်ရန် ပြုစုပျိုးထောင်ပေးပြီးဘွဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့တိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ပါဝင် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ဒီပရိုဂရမ်ကနေတဆင့် နိုင်ငံခြားတက္ကသိုလ်တွေမှာပညာသင်ဆုနဲ့ ဘွဲ့ရသွားတဲ့လူငယ်တွေအနက် (၈၅)ရာခိုင်နှုန်းဟာမြန်မာနိုင်ငံရဲ့ တိုးတက်ရေးလုပ်ငန်းစဉ်တွေမှာအသီးသီးပါဝင်လှုပ်ရှားလျက်ရှိတယ်လို့လည်းသိရပါတယ်။

 

 

လျှောက်လွှာတွေကို၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့နောက်ဆုံးထားလက်ခံသွားမှာဖြစ်ပြီးပါဝင် လျှောက်ထားသူတွေကို အောက်တိုဘာလ (၁)ရက်နေ့မှာ Pre-Collegiate Program (PCP) ကျောင်းမှာဝင်ခွင့်စာမေးပွဲ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားသူလူငယ်တွေအနေနဲ့လျှောက်လွှာတွေကို Pre Collegiate Program (PCP) Website (www.precollegiateyangon.org)မှာdownload ရယူနိုင်ကာprecollegiate@gmail.comသို့ လိပ်မူပြီးပေးပို့ လျှောက်ထားနိုင်သလို 3rd Floor, Building C, သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်သို့လည်း လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုသိရှိလိုသေးရင်တော့ဖုန်းနံပါတ် ၀၉-၇၃၀၇၉၈၄၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

City Love & Hope Foundation ကို၂၀၁၃ခုနှစ်ဖေဖော်ဝါရီလမှာစတင်တည်ထောင်ခဲ့ပြီးလူမှုသိတတ်မှုဆိုင်ရာ Corporate Social Responsibility (CSR) လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ကျန်းမာရေး၊ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးနဲ့ လူနေမှုဘ၀တိုးတက်မြင့်မားရေးစတဲ့လုပ်ငန်းစဉ်လေးရပ်ကို အဓိကထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ