AD
AD
AD

play

 

၂၀၁၀ နောက်ပိုင်းမြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ပြောင်းလဲတိုးတက်မှုတွေ စတင်ဖြစ်ပေါ်လာခြင်းနဲ့အတူ အခွင့်အရေးတွေနဲ့ စိန်ခေါ်မှုတွေလည်းအတူတကွ ပေါ်ပေါက်လာတာအားလုံးအသိပါပဲ။ အခွင့်အရေးတွေအနေနဲ့ နိုင်ငံတကာအဆင့် ပညာရေး နဲ့ အလုပ်အကိုင်တွေရောက်ရှိလာသလိုတစ်ဖက်မှာ လည်း ဒီအခွင့်အရေးတွေအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး စိန်ခေါ်မှုတွေရှိလာတာ သဘာဝပါပဲ။ ဒါကြောင့် ပညာရေးမှာ ဟားဗက်၊ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျတို့လို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတွေကို တက်ရောက်ခွင့်ရဖို့၊ နိုင်ငံတကာအဆင့် အလုပ်အကိုင်နယ်ပယ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းက ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုအပ်လို့ လာပါတယ်။

ဒီနေရာမှာမေးစရာရှိလာတာက အဲဒီလို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေကို ဝင်ခွင့်ရဖို့အတွက် ငယ်စဉ်ကတည်းက နိုင်ငံတကာအဆင့်ပညာရေးကို ကြိုတင်ပြင်ဆင်ပေးနိုင်တဲ့ ကျောင်းမျိုးမြန်မာနိုင်ငံမှာ ရှိနေပြီလားဆိုတာပါ။ အဖြေကတော့ ရှိပါတယ်။

play

 

 အစဉ်အလာကြီးမားတဲ့ ယူကေအခြေစိုက် ကျောင်းဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ကိုရီးယားစတဲ့ အာရှနိုင်ငံတွေမှာ ကျောင်းခွဲတွေအများကြီးဖွင့်လှစ် ထားသလို ရန်ကုန်မြို့ Star City နဲ့ ပန်းလှိုင်မှာ ကျောင်းတွေ ဖွင့်လှစ်ထားတဲ့ Dulwich Collage Yangon ဟာ ကလေးတွေကို ငယ်စဉ်ကတည်းက နိုင်ငံတကာအဆင့်ပညာရေးကို ကြိုတင်ပြင်ဆင်ပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။

Dulwich Collage ဟာ ကလေးတွေကို မူကြိုအရွယ် အသက် ၂ နှစ်ကနေ Year 13 (အသက် ၁၈ နှစ်အရွယ်) ထိ နိုင်ငံတကာအဆင့် ပညာရေးသင်ရိုး အတိုင်း စနစ်တကျ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသလို မိမိတို့ရဲ့ကျောင်းသားကျောင်းသူတွေဟာ မိမိစိတ်တိုင်းကျရွေးချယ်ထားတဲ့ တက္ကသိုလ်တွေမှာ ဝင်ရောက်နိုင်ဖို့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ မှတ်တမ်းမှတ်ရာတွေအရ Dulwich Collage ကျောင်းသူ၊ကျောင်းသားတွေဟာ IGCSE ၊ A Levels နဲ့ IBDP စာမေးပွဲတွေ မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြပြီး ကျောင်းသားကျောင်းသူအများစုဟာ သူတို့ဦးစားပေး တက်ချင်တဲ့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေကို တက်ခွင့်ရကြတာကို တွေ့ရမှာပါ။

play

 

Dulwich Collage ကျောင်းသားကျောင်းသူတွေဟာ ယူကေ၊ အမေရိက၊ သြစတြေးလျ၊ တရုတ်၊ စင်္ကာပူ နဲ့ကိုရီးယား နိုင်ငံတွေက Harvard ၊ Cornell ၊ Brown ၊ Dartmouth ၊ Oxford ၊ Cambridge၊ Durham ၊ King's London ၊ Bristol ၊ UCL ၊ Edinburgh ၊ NU Singapore ၊ Tsinghua ၊ HKUST ၊ Seoul National အစရှိတဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ တက်ရောက်သင်ကြား လျက်ရှိတာကို မှတ်တမ်းတွေအရလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် Dulwich College Yangon ဟာ စက္ကန့် နှင့်အမျှပြောင်းလဲတိုးတက်နေတဲ့  နိုင်ငံတကာ ပညာရေး၊ နည်းပညာများနှင့်အတူ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်စိတ်ချရဖို့ နိုင်ငံတကာအဆင့်ပညာရေးအတွက် ကြိုတင်ပြင်ဆင်ပေးလိုတဲ့ မိဘတွေ ရွေးချယ်သင့်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သုံးသပ်တင်ပြရခြင်းပဲ ဖြစ်ပါတယ်။ Dulwich Collage Yangon နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.dulwichcollege-yangon.com ကိုဝင်ရောက်ပြီးတော့လည်း လေ့လာနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD