International Education: ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်(၃) ခု

ဖျောက်ချင်ပေမယ့် ဖျောက်လို့မရတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အားမရဖြစ်လာပါတယ်၊ လန့်လာပါတယ်။

play

 

တစ်ခါတစ်လေ ကိုယ့်ရန်သူဟာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကိုယ်တိုင် လုပ်လာခဲ့တဲ့အ လေ့အကျင့်တွေက ကိုယ့်ကို ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေကို ဖျောက်ချင်ပေမယ့် ဖျောက်လို့မရတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အားမရဖြစ်လာပါတယ်၊ လန့်လာပါတယ်။ ဒီအကျင့်တွေထဲကမှ သင့်ကို ဖျက်ဆီးနေတဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့် (၃) မျိုးကို ဖော်ပြပေးချင်ပါတယ်။

၁ - သက်သောင့်သက်သာပဲ နေချင်တယ်

play

 

ဘာလုပ်လုပ် ကိုယ်အားစိုက်စရာမလိုတာ၊ သက်သောင့်သက်သာ ဖြစ်မယ့်အလုပ်မျိုးကိုပဲ ရွေးနေတာ ဖြစ်ပါတယ်။  စွန့်စားရမယ့် လမ်းအစား သက်သောင့်သက်သာ အခြေအနေကိုပဲ ရွေးချယ်နေတာ ဖြစ်ပါတယ်။ ဒါဟာလည်း အကျင့်တစ်ခု ဖြစ်ပါတယ်။ သက်သောင့်သက်သာအခြေအနေနဲ့ အသားကျလာတဲ့အခါ ဒီအခြေအနေထဲက မထွက်ချင်တော့ပါဘူး။ တစ်ခါတစ်လေမှာ လူတစ်ယောက်ဟာ ပျော်ရွှင်မှုထက်တောင် သက်သောင့်သက်သာဖြစ်မှုကိုပဲ ရွေးချယ်တတ်ကြပါတယ်တဲ့။  အမြဲတမ်းစွန့်စားလုပ်ကိုင်နေစရာမလိုပါဘူး။ သင့်စိတ်ထဲ အပြောင်းအလဲတစ်ခုကို ရွေးရမယ်ဆိုတဲ့ အသံဟာ အလွန်ကျယ်လောင်နေပြီဆို သက်သောင့်သက်သာ မနေသင့်တော့တာ အမှန်ပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အလုပ်ထဲမှာ လိုချင်တာကိုရအောင် ဘယ်လိုဆွေးနွေးမလဲ)

၂ - အောင်မြင်မှာ ကြောက်တယ်

play

 

ကြောက်တယ်ဆိုတာ လူတိုင်းမှာရှိတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှာကြောက်တယ်ဆိုတာကတော့ နည်းနည်းရှုပ်ထွေးပါတယ်။ ကိုယ်က အများထက်ထူးခြားပေါ်လွင်နေမှာကို တွေးလိုက်တိုင်း ရှေ့မဆက်ချင်တော့တာ ဖြစ်ပါတယ်။ သာမန်ထက်ပိုရမှာကို ကြောက်ပြီး လူအုပ်ကြားထဲမှာပဲ လူအုပ်နဲ့အတူ ရောနှောနေချင်တဲ့စိတ်မျိုးဖြစ်ပါတယ်။ ဒီလိုနေရတာက ပိုပြီး သက်သောင့်သက်သာ ဖြစ်ပါတယ်။ ဖိအားတွေယူ၊ အတင်းကြိုးစား၊ အောင်မြင်မှုကိုခံစားဆိုတဲ့ အခြေအနေတွေကို လန့်တာ ဖြစ်ပါတယ်။ ဒါဟာ သင်တကယ်စိတ်အားပြင်းပြတဲ့ နယ်ပယ်မျိုးမတွေ့သေးတာကြောင့်လည်း ပါပါတယ်။ သင်လုပ်နေတဲ့ နယ်ပယ်ကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားခြင်းမရှိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။  ဒါပေမယ့် အောင်မြင်မှု အရသာကိုတစ်ကြိမ်လောက်ကြိုးစားရယူခံစားကြည့်သင့်ပါတယ်။ အရသာတွေ့သွားရင်တော့ သင်ဟာ ထပ်ကာထပ်ကာ အောင်မြင်ချင်နေနေတော့မှာပါ။

၃ - အချိန်ဆွဲခြင်း

play

 

အချိန်ဆွဲတဲ့အကျင့်ဟာ ကြီးမှရတဲ့ အခြားအလေ့အကျင့်လိုပါပဲ။ ဖြည်းဖြည်းချင်းသင့်ဆီ ပူးကပ်ဝင်ရောက်တာ ဖြစ်ပါတယ်။ လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲ မလုပ်ရမယ့် အလုပ်တွေကို လုပ်ပြီး အချိန်တွေဆွဲနေတာ ဖြစ်ပါတယ်။ လုပ်ရမှာကို ထိထိရောက်ရောက်မလုပ်ဘဲ အချိန်တွေဖြုန်းနေတာမျိုးလည်း ရှိပါတယ်။ စာမကျက်ဘဲ စာအုပ်တွေရှင်းရင်း အချိန်ကုန်သွားတာမျိုး ဖြစ်ပါတယ်။ အချိန်ဆွဲတဲ့အကျင့်ရှိတဲ့လူတစ်ယောက်မှာ စိတ်မပျော်မှု၊ ဖိအားဒဏ်ကို ခံစားရမှု၊ ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှု စတဲ့ ခံစားချက်တွေ အမြဲဖြစ်ပေါ်နေတတ်ပါတယ်။ အချိန်ဆွဲတာဟာ ရုပ်ပိုင်းဆိုင်အလုပ်တွေမှာပဲ ထိခိုက်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ယုံကြည်မှုမဲ့လာပါတယ်။

Photos & Source: Bustle

Inside the mind of a master procrastinator
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး