International Education: စာလုပ်တဲ့အခါ နားချိန် ဘယ်လိုယူမလဲ

အနားယူမှု မပြုလုပ်ခင် စာလုပ်ချိန်ဟာ ထိထိရောက်ရောက်ရှိခဲ့တယ်ဆိုတာ သေချာရမှာဖြစ်ပါတယ်။

play

 

စာလုပ်တဲ့အခါ တစ်ထိုင်တည်းလုပ်တာထက် နားချိန်လေးပါ ထည့်သွင်းသင့်ပါတယ်။ ဘယ်လို နားသင့်တယ်ဆိုတာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁ -  ၅ မိနစ်ကျော် ၁၀ မိနစ်

မမြင်နိုင်တဲ့ ဖိအားတွေ ပေါ့ပါးသွားစေဖို့ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲအပြင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲလေးပါ လုပ်ပေးသင့်ပါတယ်။ တစ်နေရာထဲမှာ ထိုင်ပြီး အချိန်ကြာမြင့်စွာ အာရုံစိုက်လုပ်ကိုင်နေတဲ့အခါ ဖိအားတွေက ဖြစ်ပေါ်လာနိုင်တာပါ။ တစ်နာရီ စာလုပ်ပြီးတိုင်း ၅ မိနစ်ကျော် ၁၀ မိနစ်လောက် နားချိန်ယူသင့်ပါတယ်။  ဒီလိုအနားယူခြင်းဟာ အဆက်မပြတ်စာလုပ်နေတာထက် ပိုထိရောက်ပါတယ်။ စိတ်ကို ဖြေလျော့ပေးပြီး အချက်အလက်တွေကို ပိုမိုစုပ်ယူနိုင်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ဆယ်တန်းအောင်ပြီးတာနဲ့ ရှိရမယ့် အလေ့အကျင့် (၄)ခု)

play

 

၂ - လမ်းလျှောက်

လမ်းလျှောက်လို့ ကောင်းတဲ့ပတ်ဝန်းကျင်မျိုး ရှိတယ်ဆိုရင်တော့ မိနစ် ၉၀ စာလုပ်ပြီး မိနစ် ၂၀ လောက် နားသင့်ပါတယ်။ နားချိန်မှာ  လမ်းလျှောက်ပေးသင့်ပါတယ်။ အိမ်ခြံဝင်းထဲဆင်းပြီးလမ်းလျှောက်တာ၊ တိတ်ဆိတ်နေတဲ့ လမ်းထဲ စိမ်းစိုနေတဲ့ အပင်လေးတွေကိုကြည့်ရင် လမ်းလျှောက်တာမျိုး ဖြစ်ပါတယ်။

၃ - ထိရောက်မှု

အနားယူမှု မပြုလုပ်ခင် စာလုပ်ချိန်ဟာ ထိထိရောက်ရောက်ရှိခဲ့တယ်ဆိုတာ သေချာရမှာဖြစ်ပါတယ်။ ၁ နာရီလုပ်ပေမယ့် သူငယ်ချင်းဆီက ဖုန်းလာတာ၊ နောက်ဖေးသွားပြီး စားစရာ သွားယူတာ၊ အမေက ခေါ်လို့ စကားသွားပြောတာ စသဖြင့် သတ်မှတ်ထားတဲ့အချိန်အတွင်း ထိရောက်စွာ စာမလုပ်နိုင်တာမျိုးကို ရှောင်ဖို့ လိုတာ ဖြစ်ပါတယ်။

play

 

၎ - မစားနဲ့

စာလုပ်တဲ့အခါ သရေစာစားတာကိုလည်း သတိထားပါ။ ဆာတယ်လို့ တကယ်ခံစားနေရတယ်ဆိုရင် သရေစာအစား ဗိုက်ဝမယ့် ထမင်းကိုပဲ စားသင့်ပါတယ်။ အာလူးကြော်လိုမျိုးအစားအစာဟာ ဖြည်းဖြည်းချင်းစားနေမှာ ဖြစ်တာကြောင့် အာရုံစုစည်းမှုဟာ တော်တော်နဲ့ ရမလာပါဘူး။ စားပြီးတဲ့အခါမှာလည်း ဗိုက်မဝတာကြောင့် တစ်ခုခု ထပ်စားဖို့ စဉ်းစားမိနေပါလိမ့်မယ်။

၅ - မလုပ်နဲ့

အားလပ်ချိန်ရောက်ရင် ဖေ့ဘွတ်ဖွင့်ကြည့်မယ်ဆိုတာမျိုးလည်း ကိုယ့်ကိုယ်ကိုယ် ကတိမပေးပါနဲ့။ ဖေ့ဘွတ်ဖွင့်ပြီး စာပြန်ချင်တာပြန်၊ ကော်မန့် ပေးချင်တာနဲ့ ပေးနဲ့ ၁၅ မိနစ်ကနေ နာရီဝက်လောက်ဖြစ်သွားတတ်ပါတယ်။ ခဏလောက်မှေးမယ်ဆိုရင်လည်း မိနစ် ၂၀ ထက် ပိုမမှေးသင့်ပါဘူး။

Photos & Source: Brainscape

How to Have Efficient Study Breaks
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး