AD
AD
AD
play

 

စာလုပ်ချင်စိတ်တွေ ပျောက်ဆုံးနေတဲ့အချိန်တွေရှိတတ်ပါတယ်။ တစ်စုံတစ်ခုကိုလေ့လာချင်ပေမယ့် အာရုံစူးစိုက်လို့ မရတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုခဏခဏ ဖြစ်နေတယ်ဆိုရင်မကောင်းပါဘူး။ သင်လေ့လာနေတဲ့ နယ်ပယ်နဲ့ ဝေးလို့ ရတယ်ဆိုရင် ဆက်မလုပ်ဘဲ ဝေးသွားနိုင်ပါတယ်။ တစ်စုံတစ်ခုကို ရေရှည်လေ့လာမယ့်အခါ သိထားသင့်တာလေးတွေ ရှိပါတယ်။

၁ - ဆုချ

ကိုယ့်ကိုယ်ကိုယ် ဆုချဖို့လည်း လိုပါတယ်။ ဒါကိုလုပ်ပြီးသွားတဲ့အခါ၊ အောင်မြင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချီးမြှင့်မယ်ဆိုတာကိုလည်း သတ်မှတ်ထားဖို့လိုပါတယ်။ အောင်မြင်တဲ့အခါ ရလာမယ့် ရလဒ်အပေါ် စိတ်က အာရုံစိုက်ထားနိုင်တာကြောင့် လုပ်နေတဲ့အလုပ်ကိုလည်း အားစိုက်လုပ်ဆောင်နိုင်ပါတယ်။  တစ်ခုပြီးတာနဲ့ နောက်တစ်ခု လုပ်ဖို့လည်း ဝန်မလေးပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - စာလုပ်တဲ့အခါ နားချိန် ဘယ်လိုယူမလဲ)

play

 

၂ - ဘာကြောင့်လဲ

ဘာကြောင့်တစ်ခုခုကို လေ့လာနေတာလဲ၊ လေ့လာချင်တာလဲ။ ဒီလိုလေ့လာရင်း တစ်ခုခုကို ဘာကြောင့် အောင်မြင်ချင်တာလဲ။ လေ့လာချင်ရတဲ့အကြောင်းအရင်းကို မသိရင် သင့်အတွက် ဒုက္ခများပါမယ်။ လေ့လာနေချိန်မှာ စိတ်ပျံ့လွင်တာတွေများပါမယ်။ ဒီနေ့နည်းနည်းလုပ်မယ်၊ နောက်နေ့မှ ပိုလုပ်မယ်ဆိုတာမျိုးနဲ့ ရှေ့ရွှေ့နောက်ရွှေ့လုပ်မိနေပါလိမ့်မယ်။ ဘာလိုချင်တာလဲ ဆိုတာက အရမ်းကို အရေးကြီးတာဖြစ်ပါတယ်။ ဘာမှမလိုချင်ဘဲ လုပ်နေတာဆိုရင်တော့ သင့်အချိန်တွေဟာ အဓိပ္ပါယ်မဲ့ ကုန်ဆုံးသွားပါလိမ့်မယ်။

၃ - အပြုသဘောတွေးပါ

သင် မသိ မတတ်တဲ့ နယ်ပယ်ကို လေ့လာနေတာပါ။ လူတောင်မှ သင်သိပ်မခင်တဲ့လူဆိုရင် စကားပြောရတာ သက်သောင့်သက်သာ မရှိပါဘူး။ အခက်အခဲ တစ်ခုနှစ်ခုတွေ့တာနဲ့ စိတ်တွေပျက်ပြီး လေ့လာချင်စိတ်ကုန်သွားတာမျိုးက အဆင်မပြေပါဘူး။ အကောင်းမြင်စိတ်ရှိဖို့လိုပါတယ်။ ဒီနေ့ သင့်စိတ်တွေ မကြည်တာ၊ ပင်ပန်းနေတာတွေကြောင့် အာရုံကောင်းကောင်းမစိုက်နိုင်တာတွေလည်း ရှိပါတယ်။ ကိုယ်လေ့လာနေတဲ့ အရာနဲ့ပတ်သက်ရင် အပြုသဘောဆောင်တဲ့ စိတ်ထားမျိုး အမြဲရှိနေဖို့ လိုပါတယ်။

play

 

၎ - ပြင်ဆင်ပါ

လေ့လာမယ့် ပုံစံမရှိဘဲ စမ်းတဝါးဝါးလေ့လာတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဆရာတွေနဲ့ သင်ယူတာ ဒီအတွက်ပါ။ ပညာရပ်တစ်ခုကို ဘယ်လိုချဉ်းကပ်မယ်၊ ဘယ်ကစမယ်၊ ဘယ်အချက်တွေ မှတ်ထားမယ်ဆိုတာတွေကို စနစ်တကျသိချင်တဲ့အတွက် ဆရာတွေနဲ့ လေ့လာတာပါ။ လေ့လာချိန်ကလည်း ပုံမှန်ရှိုဖို့ လိုပါတယ်။ ၇ နာရီဆို ၇ နာရီမှာပဲ ပုံမှန်လေ့လာတာမျိုးပါ။ အင်္ဂလိပ်စာ လေ့လာမယ်ဆိုလည်း ပထမတစ်နာရီကို နားထောင်စွမ်းရည်၊ ဒုတိယ တစ်နာရီကို အရေးစွမ်းရည်ဆိုတာမျိုး ပုံမှန်သတ်မှတ်ထားရမှာပါ။ ကြာတဲ့အခါ အလေ့အကျင့် ဖြစ်လာပြီး ဒါတွေ မလုပ်ရရင် သင်ကိုယ်တိုင် မပျော်သလိုတောင် ဖြစ်လာပါလိမ့်မယ်။

၅ - ပျော်ဖို့လိုတယ်

အရမ်းတက်ကြွတာကို သတိထားပါ။ တတ်ချင်၊သိချင်စိတ် လောကြီးတာဟာ စနစ်တကျတတ်မြောက်ဖို့ အချိန်တွေ ပိုကြာသွားတတ်ပါတယ်။  စိတ်ဓာတ်တက်ကြွနေချိန်မှာ အမြောက်အများလုပ်ပြီး၊ စိတ်မပါတဲ့အချိန် လုံးဝမလုပ်တော့ဘူးဆိုတဲ့ အလေ့အကျင့်ဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြာတဲ့အခါ မလုပ်ချင်စိတ်က များသွားတတ်ပါတယ်။ စစချင်းမှာ သင်နိုင်သလောက်ကိုပဲ လုပ်ပါ။ နောက်မှ နိုင်သလောက် ဖြည်းဖြည်းချင်းတိုးလုပ်ပါ။ အရေးကြီးတာက စာလုပ်ရတာကို ကျေနပ်နေဖို့ အရေးကြီးပါတယ်၊ ပျော်နေဖို့ အရေးကြီးပါတယ်။

Photos & Source: OEDb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD