AD
AD
AD
play

 

စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးအဖွဲ့အစည်း Ministry of Health Holding (MOHH) က ခေါ်ယူတဲ့ သူနာပြု ဒီပလိုမာ ပညာသင်ဆုကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်ပြီး အသက် ၁၆ နှစ်ကနေ ၂၁ နှစ်ရှိသူ ဖြစ်ရမှာပါ။ တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာဘာသာရပ် ၆၀ မှတ်၊ အင်္ဂလိပ်စာ ၆၀ မှတ်နဲ့ သင်္ချာဘာသာရပ်မှာ အမှတ် ၈၀ နဲ့အထက် ရရှိဖို့ လိုအပ်ပြီး သိပ္ပံတွဲ သုံးဘာသာပေါင်း ပျမ်းမျှ ရမှတ် ၇၆ နဲ့ အထက် ရရှိထားဖို့ လိုတာ ဖြစ်ပါတယ်။

ပညာသင်ဆု ရွေးချယ်ခံရသူတွေအနေနဲ့ စင်ကာပူနိုင်ငံရှိ သူနာပြုတက္ကသိုလ်မှာ သုံးနှစ် အခမဲ့ပညာသင်ခွင့် ရရှိမှာဖြစ်ပြီး ဒီပလိုမာလက်မှတ်ရရှိပြီးပါက တစ်လလျှင် စင်ကာပူဒေါ်လာ ၂၃၅၀ နဲ့ အနည်းဆုံး ခြောက်နှစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ဆယ်တန်းအောင်ပြီးတာနဲ့ ရှိရမယ့် အလေ့အကျင့် (၄)ခု )

play

 

လျှောက်ထားသူတွေအတွက် လိုအပ်ချက်တွေကတော့ မှတ်ပုံတင်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ တက္ကသိုလ်ဝင်အမှတ်စာရင်း၊ ပညာရေးအထောက်အထားအတွက် လက်ရှိအောင်မြင်ထားပြီးတဲ့အတန်းရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ပညာအရည်အချင်း အထောက်အထား စတာတွေကို တင်ပြပေးရမှာ ဖြစ်ပါတယ်

ပညာသင်နှစ်ပြီးဆုံးအောင် တက်ရောက်မယ့်အကြောင်း အာမခံပေးမယ့်သူ ၂ ဦး လိုအပ်ပြီး အာမခံပေးမယ့်သူရဲ့ ၀င်ငွေထောက်ခံချက်တွေကိုပါ ပူးတွဲတင်ပြရမယ်လို့လည်း သိရပါတယ်။

သူနာပြုဒီပလိုမာ ပညာတော်သင်ဆုကို နှစ်စဉ်နှစ်တိုင်း ရွေးချယ်ခေါ်ယူတာဖြစ်ပြီး ရွေးချယ်ခံရသူတွေအနေနဲ့ အောက်တိုဘာလမှာ စာမေးပွဲဖြေဆိုကြရမှာ ဖြစ်ပြီး ဒီဇင်ဘာလ တက်ရောက်ရမှာ ဖြစ်ပါတယ်။

သူနာပြုဒီပလိုမာ ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့  အသေးစိတ်သိရှိလိုပါက သုခစုစံ မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

Source: kumurda journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD