AD
AD
AD
play

 

ကျောင်းစာအပြင် ပြင်ပစာအုပ်တွေ ဖတ်မယ်ဆိုတော့ ဘာစာအုပ်ဖတ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ ရသစာအုပ်တွေပဲ ဖတ်ရမလား၊ သုတတွေပဲ ဖတ်ရမလား ရွေးရပါတယ်။ ရသဖတ်မယ်ဆို ဘယ်စာရေးဆရာကို ကိုယ်ကြိုက်လောက်လည်း ဆိုတာက ရွေးရပြန်ပါတယ်။ ဖတ်မိမှ မကြိုက်ဘူးဆိုရင် စိတ်ပျက်ရပြန်ပါတယ်။ ဒီ့အတွက် သင့်အနေနဲ့ စာအုပ်ဝယ်တော့မယ်ဆို ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားပြီး ဝယ်ယူရင် ပိုမို အဆင်ပြေမှာပါ။

မူလစိတ်ဝင်စားမှု

စာအုပ်တစ်အုပ်လောက်ဝယ်မယ်ဆိုပြီး စာအုပ်ဆိုင်ထဲ ဝင်သွားပြီဆိုပါစို့။ ပထမဆုံးစဉ်းစားရမှာက သင် နဂိုကတည်းက စိတ်ဝင်စားတဲ့အကြောင်းအရာ ဖြစ်ပါတယ်။ သမိုင်းတွေ ဖတ်ရတာသဘောကျတယ်ဆိုရင် သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်ဝယ်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ သမိုင်းထဲမှာမှ သင်ကြိုက်တဲ့ကာလ၊ သင်ကြိုက်တဲ့ခေတ်တွေအကြောင်းကို ထပ်မံရွေးချယ်လို့ရပါတယ်။ စွန့်စားခန်းဝတ္ထုမျိုး ဖတ်ဖူးတယ်၊ ကြိုက်တယ်ဆိုရင်လည်း စွန့်စားခန်းနဲ့ပတ်သက်တဲ့ စာအုပ်တွေကို အရင်ဆုံးစဉ်းစားရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ဆရာမပါ တစ်ကိုယ်တည်း လေ့လာနေသူတွေအတွက် အသုံးဝင်မယ့် အချက် (၅) ချက်)

play

 

စာရေးဆရာ

ဆိုပါစို့၊ သင်က "ဂျူး" စာအုပ်တစ်အုပ်ဖတ်ဖူးတယ်၊ ကြိုက်တယ်ဆိုရင် နောက်ထပ်"ဂျူး"ရဲ့ စာအုပ်တစ်အုပ်ကို ကြိုက်နိုင်ချေရှိနေပါပြီ။ ဆိုင်မှာ "ဂျူး"စာအုပ်တွေကို မွှေနှောက်ပြီး တစ်အုပ်လောက် ဝယ်လို့ရပါတယ်။ ဒါပေမယ့် သင်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်တွေအကုန်လုံးကိုဖတ်ပြီးပြီဆိုရင်တော့ အကြောင်းအရာကို ကြည့်သင့်ပါတယ်။

အကြောင်းအရာ

"ဂျူး"ကို ဘာကြောင့် ကြိုက်တာလဲဆိုတာ သင်နည်းနည်းလောက်စဉ်းစားလိုက်ပါ။ ဆိုပါစို့ ဒီလို အမျိုးသမီးတစ်ယောက်ရဲ့ရှုထောင့်က ရေးတဲ့ ဝတ္ထုမျိုးတွေကြိုက်တယ်ဆိုရင် အမျိုးသမီးစာရေးဆရာမတွေကို စမ်းဖတ်ကြည့်လို့ ရပါတယ်။ သင့်ထက် စာဖတ်အတွေ့အကြုံပိုရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံညဏ်ကို ရယူလို့ရပါတယ်။

play

 

အကြံညဏ်

သူငယ်ချင်းတွေက သင့်ကို အကြံညဏ်တွေ အများကြီးပေးမှာပါ။ ဟိုစာအုပ်ဖတ်ပါ့လား၊ ဒီစာအုပ်ဖတ်ပါလားပေါ့။ ဒီအခါ သင့်မှာ ရွေးချယ်ရခက်ပြန်ပါတယ်။ သင်မကြိုက်တဲ့ဇာတ်ကား၊ သင်မကြိုက်တဲ့ စာအုပ်တစ်အုပ်ကို သူငယ်ချင်းက ဖတ်ဖို့ ညွှန်းဖူးတယ်ဆိုရင် ဒီသူငယ်ချင်းနဲ့ သင်နဲ့ အကြိုက်ချင်းမတူပါဘူး။ သူထပ်ညွှန်းတာတွေကလည်း သင်နဲ့ မနီးနိုင်ပါဘူး။ သင်နဲ့ အကြိုက်ချင်းတူတယ်လို့ ခံစားရတဲ့ သူငယ်ချင်းက ပြောတတ်တဲ့ စာအုပ်လေးတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ရီဗျူး

စာအုပ်ရီဗျူးတွေက မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိသေးပါဘူး။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာတော့ ပါတတ်ပါတယ်။ ဒါပေမယ့် ဖေ့ဘွတ်မှာတော့ စာအုပ်ရီဗျူးရေးတဲ့ Pageတွေ၊ Groupတွေ ရှိနေပါပြီ။

"စာကြမ်းပိုးတို့ ဖတ်တဲ့ စာအုပ်တွေ၊ "တို့များစာအုပ်အကြောင်းပြောကြတဲ့အခါ တို့များပြောကြတာက" စသဖြင့် နာမည်လေးတွေနဲ့ ရှိနေပါတယ်။ 7Day Daily မှာလည်း တစ်ပတ်တစ်ခါ ပါတတ်ပါတယ်။ ဒါပေမယ့်လည်း ရီဗျူးတွေက သူတို့ကြိုက်တဲ့စာအုပ်တွေ သူတို့ရေးတာပါ။ သင်ကြိုက်တဲ့ကဏ္ဍမျိုးကိုပဲ သီးသန့်ရေးပေးနေတဲ့ မီဒီယာမျိုးကတော့ မရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD