AD
AD
AD
play

 

သင့်ရဲ့အလေ့အကျင့် အချို့ကို လျှော့ချလိုက်ရင် ပိုက်ဆံဘယ်လောက်စုနိုင်တယ်ဆိုတာကို အံ့သြရပါလိမ့်မယ်။ ဥပမာအားဖြင့် တော်ရုံအသေးအဖွဲလေးတွေကို မဝယ်တော့တာ၊ ကျူရှင်သွားတဲ့အခါ စောစောထွက်ပြီး တက္ကစီစီးမယ့်အစား ဘတ်စ်ကားစီးတာမျိုးတွေ ဖြစ်ပါတယ်။  ဒီလိုအသေးအဖွဲလေးတွေဟာ ကြာလာတဲ့အခါမှာ သိသိသာသာကို ပိုက်ဆံပိုထွက်လာမှာပါ။

အပိုသုံးစွဲခြင်း

ကျောင်းသားဘဝမှာ မလိုအပ်ဘဲ သုံးစွဲနေမိတာတွေ ရှိပါတယ်။ ဥပမာ ဖုန်းဘေလ်တွေ၊ အင်တာနက်ဘေလ်တွေဟာ လိုတာထက် ပိုမိုကုန်ကျတာမျိုး ဖြစ်ပါတယ်။ ဒီလိုကုန်ကျစရိတ်တွေကို ကန့်သတ်လျှော့ချပါ။ ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး စာရင်းဇယားချထားပြီး အကန့်အသတ်ကျော်ရင် လုးဝမသုံးစွဲတာမျိုး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ကျောင်းစာအပြင် ပြင်ပစာတွေဖတ်ဖို့ စာအုပ်ဘယ်လိုရွေးမလဲ)

play

 

အပြင်မှာ စားတာရှောင်

အပြင်မှာ စားတာကို ရှောင်လို့ရရင် ရှောင်ပါ။ အိမ်မှာ စားလို့ရရင် အိမ်မှာပဲ စားပြီး သင့်မုန့်ဖိုးတွေကို စုလို့ရပါတယ်။ အိမ်မှာ စားခြင်းဟာ ကျန်းမာရေးနဲ့ ပိုညီညွတ်ပြီး အဟာရလည်း ဖြစ်ပါတယ်။ အပြင်မှာထွက်စားသင့်တဲ့ အခိုက်အတန့်တွေကို သတ်မှတ်ထားသင့်ပါတယ်။  ဥပမာ -  မွေးနေ့၊ သောကြာညနေ စသဖြင့်ပါ။

ဝယ်ချင်တဲ့အကျင့်

သူငယ်ချင်းကဝယ်ရင် လိုက်ဝယ်တာ၊ ဖန်စီဆိုင်လေးတွေရောက်ရင် တစ်ခုခုဝယ်လိုက်မှ ကျေနပ်တာ စတဲ့ မလိုအပ်ဘဲ ဝယ်တဲ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။ ဒီ့အတွက် နည်းလမ်း ရှိပါတယ်။ တစ်စုံတစ်ခုကို ဝယ်တော့မယ်ဆို မဝယ်ဘဲ နာရီဝက်လောက်စောင့်ကြည့်လိုက်ပါ။ ဒါမှမဟုတ် တစ်ရက်၊ တစ်ပတ်လောက် စောင့်ကြည့်ပါ။ ဒီလိုစောင့်ကြည့်ပြီးတဲ့အခါ ဝယ်ချင်စိတ်က ယခင်ကလောက် မမြင့်မားတော့ရင် မဝယ်သင့်ပါဘူး။ အရေးကြီးတာက တစ်ခုခုဆိုဝယ်လိုက်ချင်တဲ့အကျင့်ကို ဖျောက်ဖျက်ဖို့ ဖြစ်ပါတယ်။

play

 

ငြင်းပါ

သူငယ်ချင်းတွေကို အားနာလို့ လိုက်လုပ်ရင်း သင်ပါ ပိုက်ဆံကုန်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ တစ်ခါတစ်လေမှာ အားမနာဘဲ ငြင်းတတ်ဖို့ လိုပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကျန်တဲ့လူတွေက သွားစားကြမယ်ဆို သင်က မစားချင်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းဖို့ လိုပါတယ်။ သူငယ်ချင်းတွေကို အားနာတတ်သူဟာ ပိုက်ဆံရှင်းရမယ့်အခါမှာလည်း အားနာပြီး ထုတ်ပေးနေမှာပါပဲ။ ငြင်းတတ်တဲ့ အကျင့်ကို မွေးထားဖို့ လိုပါတယ်။

Photos & Source: College Raptor

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD