play

 

ဘွဲ့ယူရမယ့်အတွက် ပျော်ရွှင်စိတ်လှုပ်ရှားမိပေမယ့် ဘွဲ့ယူပြီး လျှောက်လမ်းရမယ့် အနာဂတ်ကို တွေးပူနေတာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်အကိုင်အဆင်ပြေပါ့မလား၊ ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရပါ့မလား စတဲ့မေးခွန်းတွေဟာ ခေါင်းထဲမှာ ပြည့်နေတတ်ပါတယ်။ များသောအားဖြင့် ဒီငါးချက်ကြောင့် သင်ထိတ်လန့်နေမိတာ ဖြစ်တတ်ပါတယ်။

၁ - အပြောင်းအလဲ

အပြောင်းအလဲကြီးကြီးမားမားကို ရင်ဆိုင်ရမှာကြောင့်ပါ။ နေ့စဉ်တွေ့ရမယ့်လူတွေ၊ ကြုံရမယ့်လူတွေဟာ ပြောင်းလဲသွားမှာပါ။ ကျောင်းသားတုန်းကလို သက်သောင့်သက်သာ နေလို့လည်း မရပါဘူး။ အမူအကျင့်တွေနဲ့ အရာအားလုံးကို ပြောင်းလဲရမလိုဖြစ်နေတာကြောင့်ပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -နေ့စဉ် သင်လုပ်သင့်တဲ့ အသေးအဖွဲလေး (၇) ခု )

play

 

၂ - လက်တွေ့ဘဝ

 ကျောင်းပြီးသွားတဲအခါ ခက်ခဲတဲ့လက်တွေ့ဘဝကို တကယ်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လူစိမ်းများစွာကို တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ အပူပင်ကင်းကင်း ဖြတ်သန်းရမယ့်နေ့တွေကို နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ အပြင်လက်တွေ့ဘဝကြီးကို ရင်ဆိုင်မှာဟာ တွေးကြည့်လိုက်တိုင်း အနည်းငယ်လန့်မိသလိုပါပဲ။

၃ - မဆုံးဖြတ်ရသေးတာ

ကျောင်းပြီးရင် ဘာဆက်လုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးတာကြောင့်ဖြစ်ပါတယ်။  ကိုယ်ဦးစားပေးရမယ့်အလုပ်၊ အမှန်တကယ်လုပ်ချင်တဲ့အလုပ် စသဖြင့် ဘာမှကို သေချာရေရာခြင်းမရှိသေးတော့ တွေးပြီး လန့်တာပါ။ ဘာလုပ်ရင်ကောင်းမလဲလို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တိုင်း စိတ်ဓာတ်ကျရတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။

play

 

၎ - လမ်းခွဲရမှာ

နှစ်ပေါင်းများစွာတက်လာတဲ့ ဒီကျောင်းကြီးနဲ့ ခွဲရမှာ ကြောက်တာပါ။ ဒီသူငယ်ချင်းတွေ၊ ဒီလူတွေကို ခွဲရမှာ ကြောက်တာပါ။  ခွဲရမယ်ဆိုတာကို အစောကြီးကတည်းက သိပေမယ့် တကယ်ရင်ဆိုင်ရမယ့် အဖြစ်ကိုတွေးပြီး လန့်နေပါတယ်။ နှစ်ပေါင်းများစွာ အတူတကွဖြတ်သန်းလာတာဆိုတော့ ဒီလူတွေ၊ ဒီနေရာတွေက သင့်အတွက် အရေးပါပါတယ်။

၅ - တခြားလူတွေလည်း လန့်

ကျောင်းပြီးရင် ကြုံလာမယ့် အနာဂတ်ကို တခြားလူတွေလည်း ထိတ်လန့်နေတာကို တွေ့ရပါမယ်။ သူတို့နဲ့ စကားပြောတိုင်း သင့်လိုတွေးပူစရာတွေ ရှိနေတာကို တွေ့ရပါမယ်။ ဒီပူပန်မှုတွေကလည်း သင့်ကို ကူးစက်စေပြီး ဘွဲ့ရပြီး ကြုံရမယ့်အခြေအနေကို တွေးပူနေတတ်ပါတယ်။

Photos & Source: Candymag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video