AD
AD
AD
play

 

စာလုပ်တဲ့အခါ လုံလောက်တဲ့ အာရုံစူးစိုက်မှုမျိုး မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အချိန်တွေကြာသွားပေမယ့် ထိထိရောက်ရောက် မမှတ်နိုင်ဘူးလို့ ထင်ရပါတယ်။ ဒီလိုမျိုးမဖြစ်စေဖို့ လိုအပ်တဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။

၁ - တီဗီ

တီဗီရှေ့မှာ ဘယ်တော့မှ မလေ့လာပါနဲ့။ တီဗီက သင့်ကို နှောင့်ယှက်နေတာနဲ့ ပြည့်ဝစွာ အာရုံစိုက်လို့ရမှာ မဟုတ်ပါဘူး။ ခဏနားတဲ့အချိန်မှ တီဗီကို ကြည့်သင့်ပါတယ်။ ဒါဟာ သင်လုပ်နေတဲ့စာကို ထိထိရောက်ရောက်လုပ်မိစေမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ကျောင်းစာအပြင် ပြင်ပစာတွေဖတ်ဖို့ စာအုပ်ဘယ်လိုရွေးမလဲ)

play

 

၂ - ထိုင်ပါ

စာလုပ်တဲ့အခါ စားပွဲတစ်ခုမှာ သေချာထိုင်ပြီး လုပ်ပါ။ အိပ်ရာထဲမှာ မလေ့လာပါနဲ့။ ဖတ်ရုံပဲ လိုအပ်တယ်ဆိုရင်လည်း ခေါင်းရင်းနံရံကို မှီပြီး ဖတ်တာမျိုးက ကောင်းပါတယ်။ အရေးကြီးဆုံးကတော့ စာကြည့်မီးကို အိပ်ရာထဲမှာထားဖို့ပါ။ အိပ်ပြီးဖတ်တဲ့အခါ ခဏလေးနဲ့ အိပ်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ အိပ်ရာထဲမှာ စာဖတ်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် စာဖတ်မီးအိမ်က တပ်ကိုတပ်ထားရမှာဖြစ်ပါတယ်။

၃ - လိုအပ်တဲ့ပစ္စည်းများ

စာမလုပ်ခင် လိုအပ်တဲ့ပစ္စည်းတွေကို တစ်ခါတည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဘောပင်၊ မျဉ်းတားမယ့်ခဲတံ၊ ခဲဖျက်၊ လိုအပ်တဲ့ စာအုပ် စတာတွေကို အသင့်ပြင်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒါတွေကို တစ်ခါရှာနေရတာနဲ့ သင့်စိတ်အာရုံပျံ့လွင့်နိုင်ပါတယ်။ ထိုင်ခုံမှာ မထိုင်ဘဲ ထရှာရပြီဆိုတာနဲ့ သင့်အတွက် အာရုံစူးစိုက်မှုက လျော့ကျသွားပြီ ဖြစ်ပါတယ်။

play

 

၎ - ပန်းတိုင်

စာ စလုပ်ပြီဆိုတာနဲ့ စာလုပ်ခြင်းကနေ သင်မျှော်လင့်တာကို ချက်ချင်း ချရေးပါ။ ဥပမာ - သုံးနာရီတွင်း တစ်မျက်နှာကျက်မယ်ဆိုတာမျိုးပါ။ ကြားထဲမှာ နားချိန်ထားပြီး ဘယ်နှမိနစ်နားမယ်ဆိုတာကိုလည်း တစ်ခါတည်း တွက်ထားပါ။ အားလုံးပြီးသွားတဲ့အခါ လုပ်ရမှာတွေလုပ်ပြီးပြီဆိုတဲ့ ပေါ့ပါးသွားတဲ့စိတ်ဟာ နောက်တစ်နေ့ စာလုပ်ချင်စိတ်ကို ထပ်မံနှိုးဆွပေးနိုင်ပါတယ်။

၅ - မလောနဲ့

စာလုပ်တဲ့အခါ သင်နိုင်သလောက်ကိုပဲ လုပ်ဖို့ ဆုံးဖြတ်ပါ။ ဥပမာ - တစ်နေ့ သုံးနာရီနဲ့ တစ်မျက်နှာလောက် ပုံမှန်ကျက်နိုင်တယ်ဆိုရင် ဒီလောက်ပဲ သတ်မှတ်ပါ။ စိတ်အားအရမ်းတက်ကြွနေတာကြောင့် ဒီနေ့မှာ သုံးနာရီကျက်ပြီး နောက်တစ်နေ့ကျ လုံးဝအာရုံစိုက်မရတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ပုံမှန်အလေ့အကျင့် မရှိသူတွေလုပ်တတ်တဲ့အကျင့်ဖြစ်ပြီး ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

play

 

၆ - ဖုန်း

ယနေ့ခေတ်ကျောင်းသားတွေအတွက် အရေးကြီးဆုံးပါပဲ။ စာလုပ်နေတဲ့အချိန် ဖုန်းနဲ့ ဝေးဝေးနေဖို့ ဖြစ်ပါတယ်။ ကိုယ်စိတ်ကို မနိုင်ရင် တစ်ခါတည်း ပိတ်ထားတာ အကောင်းဆုံးပါပဲ။ ဖုန်းသုံးခြင်းဟာ သင့်အချိန်ကို စားရုံတင်မကဘဲ သင့်ရဲ့ စာလုပ်ချင်စိတ်ကိုပါ စားသွားမှာ ဖြစ်ပါတယ်။ ထိရောက်တဲ့ လော့လာမှုတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD