AD
AD
AD
play

 

ကလေးတွေ  အိမ်စာပုံမှန်လုပ်တဲ့ အကျင့်ရသွားစေဖို့ သင့်ဘက်က ကူညီပေးသင့်တာပါ။ ငယ်ရွယ်သူ ကလေးတွေ ဖြစ်တာကြောင့် သင့်ဘက်က အမိန့်ပေးခိုင်းစေတဲ့နည်းတွေဟာ မှန်ကန်မှု မရှိပါဘူး။

၁ - ချီးကျူးပေးပါ

ကလေးရဲ့ ကြိုးစားမှုမှန်သမျှကို သင်အချိန်ရတိုင်း ချီးကျူးပါ။ ပေးထားတဲ့တာဝန်ကို မပြီးတဲ့အခါမှာလည်း သူတို့မလုပ်နိုင်ဘဲ ကျရှုံးခဲ့တယ်လို့  မထင်ကြောင်းပြပါ။ ဒီ့အစား သူတို့ပြုလုပ်ခဲ့တဲ့ အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ နည်းသည် များသည်ဖြစ်စေ အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။

play

 

၂ - သင်ကူညီနိုင်တဲ့နေရာ

သူတို့ အလုပ်ပြီးမြောက်စေဖို့ သင်ကူညီနိုင်တဲ့ နေရာကို ရှာပါ။ သူတို့ကိုခြိမ်းခြောက်တာ၊ ဖိအားပေးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သူတို့ရလာတဲ့ ရလဒ်တွေထဲက အပြုသဘောမဆောင်တဲ့ လက္ခဏာတွေကို သင့်ဘက်က အလေးအနက်မထားသလို ပြုမူပေးပါ။ ဒီလိုအပြုအမူတွေ ပြပြီးပြီဆိုမှ ဒီ့ထက်အားစိုက်မှုမျိုးလုပ်ဖို့ သင့်ဘက်က တိုက်တွန်းရမှာ ဖြစ်ပါတယ်။

၃ - အချိန်

အချိန်စီစဉ်ပေးပါ။ သူတို့အတွက် အိမ်စာလုပ်လို့ အကောင်းဆုံးအချိန်ကို သင့်ဘက်က စီစဉ်ပေးလို့ရပါတယ်။ ကျောင်းကနေ ပြန်လာတဲ့အခါ ကလေးတွေမှာ ကျန်းမာရေးနဲ့ စိတ်လက်ပျော်ရွှင်စေဖို့ လှုပ်ရှားမှုမျိုးတွေ ရှိသင့်ပါတယ်။ စာပြီးရင်း စာလုပ်နေရတာဟာ ကလေးရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေ ဘက်ပေါင်းစုံက ဖွံ့ဖြိုးဖို့အတွက် အဆင်မပြေဘဲ ဖြစ်နေစေပါတယ်။ အိမ်စာလုပ်တဲ့အခါမှာလည်း ကြားထဲမှာ နားချိန်လေးထားပေးသင့်ပါတယ်။ ဒီနားချိန်ဟာ သူတို့အတွက် ဆုလာဒ်လေးတစ်ခုလည်း ဖြစ်လာမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -စာလုပ်နေချိန်မှာ အာရုံစူးစိုက်မှုကောင်းအောင် သိထားသင့်တဲ့ အချက် (၆) ချက် )

play

 

၎ - ကိုယ်တိုင်လုပ်ပါစေ

သင့်ကလေးဟာ အိမ်စာတွေကို ကိုယ်တိုင် စီမံခန့်ခွဲလုပ်ကိုင်နိုင်တဲ့လူဆိုရင် သူတို့ဘာနေလုပ်တာ အကောင်းဆုံးပါပဲ။ သင့်ဘက်က အသေးစိတ်လိုက်စီမံနေတာ၊ သူတို့နားမှာ တကြည့်ကြည့်လုပ်နေတာတွေက ကလေးကို ကျဉ်းကျပ်မှုတွေ ဖြစ်စေနိုင်ပါတယ်။

၅ - အကဲခတ်

သင့်ဘက်က အကဲခတ်မှုတော့လုပ်ရမှာပါ။ သူတို့ အလုပ်တွေကို သူတို့တစ်ယောက်တည်း ထိထိရောက်ရောက် တိတိကျကျ လုပ်နိုင်ရဲ့လားဆိုတာကို ကြည့်ပေးရမှာ ဖြစ်ပါတယ်။ သူတို့အလုပ်ကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်တာ သေချာဖို့လိုပါတယ်။ ဒီလိုလုပ်တတ်တဲ့အကျင့်ဟာ သူတို့မှာ အလေ့အကျင့်ရသွားဖို့ လိုပါတယ်။

play

 

၆ - အမိန့်မပေးနဲ့

 အမိန့်သြဇာပေးချင်တာ မဟုတ်ဘဲ သူတို့ကို ကူညီချင်တယ်ဆိုတာ သိဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့မပျော်တဲ့ဘာသာရပ်၊ သူတို့အတွက် ခက်ခဲနေတဲ့ ဘာသာရပ်တွေကို သင့်ဘက်က အဓိကထား ကူညီဖြေရှင်းပေးသင့်ပါတယ်။ သင့်ဘက်က အမိန့်တွေပေး၊ သူဘက်ကလည်း ဘာရလဒ်မှ မထွက်ဆိုတဲ့အခြေအနေမှာ ကလေးတစ်ယောက်ဟာ စိတ်အလွန်အမင်းပဲ ကျဉ်းကျပ်ရပါတယ်။

၇ - နေရာ

အိမ်စာလုပ်လို့ ကောင်းတဲ့ နေရာလေးတစ်ခု သင့်ဘက်က ဖန်တီးပေးဖို့ လိုပါတယ်။ အလင်းရောင်ကောင်းကောင်းနဲ့ သန့်ရှင်းသပ်ရပ်တဲ့အခန်းလေး ဖြစ်ရင်အကောင်းဆုံးပါ။ သူတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို မြင့်တက်စေမှာ ဖြစ်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD