AD
AD
AD
play

 

စာမေးပွဲလို အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုနဲ့ ကြုံရတဲ့အခါ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။ ကိုယ့်ဘက်က အစစအရာရာ အသင့်ဖြစ်နေပေမယ့် စိုးရိမ်စိတ်ကြီးတတ်တာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

၁ - စာမေးပွဲဖြေဆိုဖို့ စိုးရိမ်နေတယ်ဆိုရင်

ဒီစာမေးပွဲကို ဖြေဆိုဖို့ သင်အပြည့်အဝလေ့လာခဲ့ပြီးပြီဆိုတာကို ပြန်လည် သတိရပါ။ သင်ယူရမှာတွေကို လုံလုံလောက်လောက်သင်ယူခဲ့တယ်၊ မှတ်သားလေ့ကျင့်ရမှာတွေကို လုံလုံလောက်လောက်လေ့ကျင်ခဲ့တယ်ဆိုတာတွေကို ပြန်လည်သတိရပါ။ ဒီလိုလုံလုံလောက်လောက် မလေ့လာခဲ့သူတွေရဲ့  ရှေ့မှာ သင်ရှိနေမှာကို အမှတ်ရပါ။

play

 

၂ - မဖြေခင်ည

နောက်တစ်နေ့ စာမေးပွဲဖြေရတော့မယ့်ဆို ဒီနေ့လိုညဘက်တွေမှာ အသည်းအသန်လေ့လာနေတာတွေဟာ သင့်စိုးရိမ်မှုကို မြင့်တက်နေစေမှာ ဖြစ်ပါတယ်။ လေ့လာနေရင်း မေ့တာမျိုးကြုံလာပြီဆိုရင်တော့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ခေါင်းတွေက ဘာမှစဉ်းစားမရအောင် ဖြစ်လာတတ်ပါတယ်။ ဒီ့အစား သင်နေ့စဉ် ပုံမှန်လေ့လာနေတဲ့အတိုင်းပဲ လေ့လာရမှာဖြစ်ပါတယ်။ မနက်ဖြန်စာမေးပွဲ ရှိတာကြောင့် ဒီနေ့ အသည်းအသန်လုပ်တယ်ဆိုတာ ပုံမှန်စာမလုပ်သူတွေရဲ့ အလေ့အကျင့် ဖြစ်ပါတယ်။

၃ - အစီစဉ်တကျ

သင့်ရဲ့ မှတ်စုစာအုပ်တွေ၊ ဘာသာရပ်အတွက် အရေးကြီးဆုံးစာအုပ်တွေ စတာတွေကို အစီစဉ်တကျ ထားရမှာပါ။  အနားနီးမှ အစီစဉ်တကျမရှိတာကြောင့် အသည်းအသန်ပြန်လုပ်နေရတဲ့အခါ သင့်စိုးရိမ်စိတ်တွေက မြင့်တက်လာမှာ ဖြစ်ပါတယ်။ စာလေ့လာနေချိန်မှာ သင်လိုအပ်တာတွေအကုန်လုံးကို အစီစဉ်တကျ ထားရင် အကောင်းဆုံးပါပဲ။ အစီစဉ်တကျမရှိတဲ့ အလေ့အကျင့်ကြောင့် စာမေးပွဲမှ မဟုတ်ဘဲ တခြားကိစ္စတွေမှာပါ စိုးရိမ်မှုက မြင့်တက်စေနိုင်တာပါ။

play

 

၎ - အမြင်ကျယ်ပါ

စာမေးပွဲက သင့်ဘဝမဟုတ်ပါဘူး။ သင် အစမ်းဖြေကြည့်ခဲ့တဲ့ စာမေးပွဲတွေက အခြေအနေကောင်းတယ်၊ စာလည်း လုပ်ထားတယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာမရှိပါဘူး။ စာမေးပွဲဆိုတာ ဘဝမဟုတ်ပါဘူး။ စာမေးပွဲထက် ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ သင့်မှာ ရှိလာဦးမှာပါ။ ရုန်းထွက်စရာလမ်းမရှိတော့ဘူးလို့ ထင်ရလောက်တဲ့ အခြေအနေတွေကို ကြုံလာရဦးမှာပါ။ စာမေးပွဲဆိုတာကို ဘဝကြီးတစ်ခုလိုတော့ မတွေးပါနဲ့။

၅ - သီချင်းနားထောင်ခြင်းနဲ့ လှုပ်ရှားမှု

စာမေးပွဲကို စိုးရိမ်မှုကြီးတဲ့အခါ ခေါင်းတွေနောက်တာ၊ ပါးစပ်တွေခြောက်တာ၊ ချွေးစေးတွေထွက်တာ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ငြိမ်မနေဘဲ တစ်ခုခုနဲ့ ဖြေဖျောက်သင့်ပါတယ်။ အပြင်ထွက်လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ စက်ဘီးထွက်စီးတာ စတာတွေက သင့်စိုးရိမ်စိတ်ကို ပျောက်ကင်းစေပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD