play

 

ကျက်ပြီးသားစာတွေကို ရုတ်တရက် မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စိုးရိမ်စိတ်ကြီးနေတဲ့အချိန်တွေမှာ မှတ်မိချင်တဲ့အရာကို ပြန်ဖော်လို့မရဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလို ခဏခဏ မေ့တာမျိုးဟာ အသက်ကြီးလေ ပိုအဖြစ်များလေပါပဲ။ စာမေ့တာဟာ လူငယ်တွေမှာလည်း ဖြစ်တတ်ပြီး ပြန်လည်မှတ်မိနိုင်မယ့်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - သီချင်းနားထောင်

မေ့နေတာတွေကို ပြန်ဖော်ရာမှာ အချို့ ဂီတအမျိုးအစားတွေဟာ အဓိကသော့ချက်ကြီးတစ်ခုဖြစ်ကြောင်း သုတေသနသမားအချို့က ဆိုထားပါတယ်။ စာလုပ်နေတဲ့အချိန်တုန်းက နားထောင်ခဲ့တဲ့ သီချင်းကို ပြန်နားထောင်တဲ့အခါ မေ့နေတာတွေဟာ ပြန်ပေါ်လာတတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းက သင်္ချာလို သီချင်းဖွင့်ပြီး စာမလုပ်တတ်သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဥပမာ - စာမေးပွဲခန်းလို နေရာမျိုးမှာ သီချင်းနားထောင်လို့မရတာကြောင့် အခက်အခဲ ရှိနိုင်ပါတယ်။

play

 

၂ - အမြန်ဖတ်

စာအမြန်ဖတ်ခြင်းဟာ အဓိကအချက်အလက်တွေကို အမှတ်မိနိုင်ဘူးလို့ လူအချို့ကတော့ ယုံကြည်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ အမြန်ဖတ်မှုဟာ မလိုအပ်တဲ့ အချက်အလက်တွေကို စစ်ထုတ်ပြီးသား ဖြစ်ပါတယ်။ မှတ်ထားတဲ့အချက်အလက်တွေကို ပြန်ခေါ်ရာမှာ ဖြေးဖြေးခြင်း ဖတ်နေစရာ မလိုပါဘူး။ ဒီအကြောင်းအရာကို အမြန်ဖတ်လိုက်ရုံနဲ့တင် အဆင်ပြေပါတယ်။

၃ - ခေါင်းစဉ်

ခေါင်းစဉ်နဲ့ တွဲမှတ်ထားတာမျိုး ပြုလုပ်ပါ။ ဒါမှ သင့်ဦးနှောက်ထဲမှာ အစီစဉ်တကျရှိနေပြီး ပြန်လည်မှတ်မိဖို့ လွယ်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်နဲ့ မှတ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူးဆိုရင်တောင်မှ သင့်ဘာသင် အမျိုးအစားခွဲပြီး နာမည်ပေးမှတ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒီနာမည်တွေကို မှတ်မိရုံနဲ့ အားလုံးကို မှတ်မိနိုင်မှာ ဖြစ်ပါတယ်။

play

 

၎ - အိပ်ရေးဝဝအိပ်ပါ

နောက်နေ့ စာမေးပွဲ ရှိနေတဲ့အချိန်မျိုးမှာ ကောင်းကောင်းအိပ်ပျော်ဖို့ လိုပါတယ်။ မှတ်ညဏ်ကောင်းခြင်းမှာ အိပ်စက်ခြင်းဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်မပျော်တဲ့အခါမျိုးတွေမှာ လေ့လာထားပြီးသားတွေကို ပြန်လည်အမှတ်ရဖို့ ခက်ခဲနေတတ်ပါတယ်။

Photos & Source: OEDb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video