အင်္ဂလန်နိုင်ငံရှိ University of the West of Scotland (UWS) မှ တိုက်ရိုက်ချီးမြှင့်မယ့် MBA စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ကို ပြည်တွင်းမှာ တက်ရောက်ရယူနိုင်မယ်လို့ သိရပါတယ်။

၂၀၁၇ သြဂုတ်လမှာ ကျောင်းဖွင့်လှစ်မှာဖြစ်ပြီး ပညာသင်ဆုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Managerial Accounting, Marketing Management, Managing Operations, Managing Business Strategy, Human Capital Management, Financial Management, Leading Organization, Project Management, Thesis စတာတွေဖြစ်ပါတယ်။ သင်ကြားပို့ချမယ့် ဆရာတွေကတော့ နိုင်ငံတကာ အတွေ့အကြုံရှိ ဒေါက်တာဘွဲ့ရဆရာကြီး၊ ဆရာမကြီးများ၊ ဝါရင့်ပါမောက္ခဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် လိုအပ်ချက်တွေအနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ၊ အင်္ဂလိပ်လိုပြောဆို၊ ရေးသားနိုင်သူတွေ တက်ရောက်နိုင်မှာ ဖြစ်ပြီး ပညာသင်ဆုအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ 1500 ပေးအပ်မှာဖြစ်ပါတယ်။

play

 

သင်တန်းကာလအနေနဲ့ ၁ နှစ် + Thesis (၃ လ မှ ၆ လ) အထိကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးတွေကို လစဉ်အရစ်ကျစနစ်နဲ့ ပေးသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ CB Bank နဲ့ ချိတ်ဆက်ပြီး Student Loan ဖြင့်လည်း ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုတယ်ဆိုရင် River Samon Institute of Management ဖုန်း ၀၉- ၄၂၀၇၂၅၅၆၆၊ ၀၉- ၇၃၀၉၄၀၆၀၊ ၀၉- ၇၇၇၇၉၃၆၁၄ သို့ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video