Local Education: တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှု အမှတ်နဲ့ပဲ ဆုံးဖြတ်ဦးမယ်

ယခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအတိုင်းသာ ကျင့်သုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုကို တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်နဲ့သာ ဆုံးဖြတ်မှာဖြစ်ပြီး ယခုနှစ်အနည်းငယ်အတွင်း အဆိုပါစနစ်ကို ပြောင်းလဲမှာမဟုတ်သေးဘူးလို့ သိရပါတယ်။

‘‘ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ်တက်ခွင့်ရဖို့အတွက် အပြောင်းအလဲတစ်ခုကတော့ လိုသေးတယ်။ ချက်ချင်းကြီးပြောင်းလဲလို့မရနိုင်ဘူး။ ပြောင်းမယ်ဆိုရင်လည်း ပြည်သူကိုချပြရမယ်။ ပြည်သူကလက်ခံမှ ပြောင်းလို့ရ မယ်’’ လို့  ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - တက္ကသိုလ်ဝင်တန်းအောင်စာရင်း ယမန်နှစ်ကထက် ၄ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာ)

play

 

အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေမှာ တက္ကသိုလ်ဝင်ခွင့်အတွက် အမှတ်နဲ့သာ ဆုံးဖြတ်နေတာဖြစ်ပြီး စနစ်သစ်တစ်ခုသို့ ပြောင်းလဲဖို့ အချိန်ယူလုပ်ဆောင်ရမှာဖြစ်ကာ ယခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအတိုင်းသာ ကျင့်သုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုနဲ့ပတ်သက်လို့  သူတို့ရဲ့ဆန္ဒကို အခြေခံပြီး သင်ယူလိုတဲ့ဘာသာရပ်နဲ့ သက်ဆိုင်ရာကျောင်းတို့ကို သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီမှုအရ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိစေဖို့  စီစဉ်ဆောင်ရွက်ရမယ်လို့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့အထဲမှာ ဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေးချယ်ရာမှာ ဝင်ခွင့်စာမေးပွဲစနစ် ကျင့်သုံးဖို့ ၂၀၁၄ က စတင်ကာ နှစ်စဉ်ပြုလုပ်တဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွေမှာ  ထည့်သွင်းဆွေးနွေးခဲ့ပေမယ့်လည်း အ ကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Photos & Source: နစ်ကီ ,7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ