Local Education: လူထုစိန်ဝင်း ပညာသင်ဆု

အမှတ်တရတစ်ခု လုပ်ဆောင်ပေးဖို့ မိန့်ကြားခဲ့ပြီး ငွေကျပ်သိန်း ၃၀ မတည်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

လူထုစိန်ဝင်းပညာသင်ဆုရွေးချယ်ရေးအဖွဲ့က တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးအတွက် ကျပ် ၅၉၈ သိန်းကျော်အသုံးပြုထားပြီး ၁၃ ဦး ကျောင်းပြီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ယူလိုပေမယ့် အခက်အခဲရှိနေတဲ့ တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူတွေဟာ  လူထုစိန်ဝင်းပညာသင်ဆုကို လျှောက်ထားနိုင်ပြီး ပဏာမအဆင့် ရွေးချယ်မှုတွေပြုလုပ်ကာ  ပညာသင်ဆုအဖြစ် ရွေးချယ်တာ ဖြစ်ပါတယ်။

လူထုစိန်ဝင်းကွယ်လွန်ပြီးနောက်တစ်ရက်မှာ မိသားစုထံပေးပို့ခဲ့တဲ့ ဆရာတော်အရှင်ဆေကိန္ဒရဲ့ မိန့်ကြားချက်မှာ  ဆရာဦးစိန်ဝင်းဟာ  စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အမြဲသတိရစေဖို့အတွက် အမှတ်တရတစ်ခု လုပ်ဆောင်ပေးဖို့ မိန့်ကြားခဲ့ပြီး ငွေကျပ်သိန်း ၃၀ မတည်ပေးခဲ့တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - တက္ကသိုလ်ဝင် စာမေးပွဲကို သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ထောင်ဒဏ် ၁၀ နှစ်ကျအကျဉ်းသား)

play

 

လူထုစိန်ဝင်းရဲ့ ဈာပနပြီးဆုံးပြီးနောက် စာရေးဆရာမောင်မိုးသူ၊ ညီပုလေး၊ သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်(ကွယ်လွန်)တို့ အပါအ၀င်  ကျန်ရစ်သူမိသားစုဝင်တွေအားလုံး  စုပေါင်းတိုင်ပင်ပြီး ပညာသင်ဆု ပေးအပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဆုရွေးချယ်ရေး အဖွဲ့ဝင် ကိုနေထွန်းနိုင်က ပြောကြားထားပါတယ်။

နာယကတွေအဖြစ် ဆရာတော်အရှင်ဆေကိန္ဒ၊ စာရေးဆရာမောင်မိုးသူနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်တို့အပါအ၀င် ဆုရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် စုစု ပေါင်း ၁၂ ဦးပါရှိတဲ့ ပညာသင် ဆုရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ဆရာတော်အရှင် ဆေကိန္ဒ၊ အမေရိကန်ရောက် လူထုစိန်ဝင်းရဲ့ တပည့်တွေ၊ စာပေနှင့် စာနယ်ဇင်းနယ်ပယ်မှ တပည့်တွေ၊ စာဖတ်ပရိသတ်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ကျန်ရစ် သူမိသားစုတွေရဲ့ ထည့်ဝင်ငွေ တွေအပါအ၀င် မတည်ငွေကျပ် သိန်း ၁၂၀ နဲ့ လူထုစိန်ဝင်းပညာသင်ဆုကို စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: Ludu U Sein Win (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ