Local Education: အိန္ဒိယနဲ့ ပေါင်းဖွင့်တဲ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို ဝင်ခွင့်စာမေးပွဲရမှတ်ပေါ် မူတည်ဆုံးဖြတ်မယ်

တက္ကသိုလ်ဝင်တန်း ရမှတ်နဲ့ ၀င်ခွင့်စာမေးပွဲရမှတ်တို့အပေါ် မူတည်ရွေးချယ်မှာ ဖြစ်ပါတယ်။

play

 

အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် MIIT ရဲ့ ၀င်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ်နဲ့ ၀င်ခွင့်စာမေးပွဲရမှတ်တို့အပေါ် မူတည်ပြီး လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်မယ့် မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် စုစုပေါင်း ၄၅၀ နဲ့ အထက် ရရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေဟာ  ၀င်ခွင့်စာမေးပွဲကိုလည်း ဖြေဆိုရမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ရမှတ်နဲ့ ၀င်ခွင့်စာမေးပွဲရမှတ်တို့အပေါ် မူတည်ပြီးတော့လည်း ရွေးချယ်မှာဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွေ ဩဂုတ်လလယ် ထုတ်ပေးဖို့ ပြင်ဆင်ထား)

play

 

နှစ်နိုင်ငံပူးပေါင်းဖွင့်ထားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံက နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးထားကာ ၀င်ခွင့်ကို သြဂုတ်လလောက်မှာခေါ်မှာ ဖြစ်ပါတယ်။ ၀င်ခွင့်စာမေးပွဲကို တက္ကသိုလ်ဝင်တန်းမှာ သင်ကြားခဲ့ရတဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပါတယ်။

မေးခွန်းပုံစံနမူနာတွေကို မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ဝက်ဆိုက်မှာ ဝင်ရောက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ရဲ့ သင်တန်းကာလဟာ ငါးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Bachelor of Engineering (Honors) in Computer Science & Engineering နဲ့ Engineering (Honors) in Electronic & Communications Engineering ဘွဲ့တွေ ပေးအပ်မှာဖြစ်ပါတယ်။

Photos & Source: Democracy Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး