AD
AD
AD
play

 

တက္ကသိုလ် ဒီဂရီကောလိပ် နေ့သင်တန်းတွေရဲ့ စာမေးပွဲကို စက်တင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး စာမေးပွဲမေးခွန်းတွေကို ကျောင်းသား၊ ကျောင်းသူအများစု ဖြေဆိုနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

 မေးခွန်းများအားလုံးကို လွယ်ရာမှ ခက်ရာသို့စဉ်ကာ  စဉ်းစားတွေးခေါ်မှုကို အားပေးတဲ့ မေးခွန်းတွေအဖြစ် ပြုစုဖို့၊ မှားယွင်းမှုတွေမဖြစ်စေဖို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခြေခံပညာမှာလိုပဲ အဆင့်မြင့်ပညာကဏ္ဍမှာ စာမေးပွဲမေးခွန်းတွေဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်ပြေစေဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေဖို့အတွက် ကျောင်းတွေကို စာမေးပွဲစခင်မှာ ကြိုတင်မှာကြားထားတယ်လို့လည်း သိရပါတယ်။ 

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -အဝေးသင်နဲ့နေ့သင်တန်း ပြောင်းလဲတက်ရောက်လိုသူတွေ ဒီဇင်ဘာလကုန်မှာ နောက်ဆုံးထား ပြောင်းရွှေ့ရမယ် )

play

 

တက္ကသိုလ်၊ ကောလိပ်တွေအနေနဲ့ စာမေးပွဲတွေမဖြေဆိုခင် မေးခွန်းတွေကို ပြုစုရာမှာ မေးခွန်းလုံခြုံရေးအတွက် ထိတ်တန်းလျှို့ဝှက်အဆင့်နဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

စာစစ်လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ စစ်ဆေးခြင်း၊ ပြန်လည်စစ်ဆေးခြင်း၊ ထပ်ဆင့်ပြန်လည်စစ်ဆေးခြင်းတို့ကို စနစ်တကျ မှတ်တမ်းနဲ့ မျှတစွာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ အောင်စာရင်းတွေကို ပြုစုရာမှာလည်း Tri-Check ပြုလုပ်ပြီးမှ ထုန်ပြန်ဖို့ ညွှန်ကြားထားပါတယ်။

Photos & Source: Democracy Today, Myanmar Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD