play

 

ၾသစေၾတးလ် ပညာရေးပြပွဲကို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြပွဲကို သြဂုတ်လ ၂၆ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ၊ Novotel Hotel Yangon Max, 4th Floor, Pyay Room နဲ့ သြဂုတ်လ ၂၇ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့  Sedona Hotel Mandalay, Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာကျင်းပမယ့် ပညာရေးပြပွဲမှာ ပါဝင်ပြသမယ့် ကျောင်းတွေကတော့ Curtin University, Edith Cowen University, Griffith University, Macquarie University, RMIT University, Taylors College, Southern Cross University, Trinity College, TAFE Western Australia, University of Adelaide. University of Canberra, University of Melbourne, University of Newcastle, University of New South Wales, University of Sydney, University of Western Australia, UTS: Insearch, Victoria University, Western Sydney University တို့ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မာလ်တီမီဒီယာ သတင်းပညာသင်တန်း တက်ရောက်လိုသူတွေ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်)

play

 

တက္ကသိုလ်ဝင်တန်း, IGCSE, GCE “A” level, SAT, IB Diploma အောင်မြင်ထားသူတွေ၊ HND ဒီပလိုမာရရှိပြီးသူတွေ၊ တက္ကသိုလ်မှ ဘွဲ့ ရရှိထားပြီး သြစတြေးလျနိုင်ငံမှာ ပညာဆက်လက်သင်ကြားလိုသူတွေဟာ ပြပွဲနေ့တွေမှာ ကျောင်းလျှောက်ထားနိုင်ပြီး လျှောက်ထားသူတွေအတွက် အထူးအခွင့်အရေးအနေနဲ့ ကျောင်းတွေကနေ ပေးအပ်မယ့် Application Fees ကင်းလွတ်ခွင့်၊ ကျန်းမာရေးအာမခံ ၆ လစာအတွက် ကင်းလွတ်ခွင့်တွေ ရရှိမယ့်အပြင် ကံစမ်းမဲအစီအစဉ်တွေလဲ ပါဝင်မယ်လို့သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ Australian Visa & Student Services ဖုန်း ၀၉၄၅၀၀၀၆၉၄၄၊ ၀၉၄၅၀၀၀၆၉၅၅ ၊ ၀၉၇၉၉၄၅၀၉၄၄ နဲ့ ၀၉၇၉၉၄၅၀၉၅၅ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။

Photos & Source: Internet Journal, သန္တာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video