AD
AD
AD
play

 

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်တဲ့ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ညွှန်ကြားထားကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းခေါ်ချိန်မပြည့်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လက်တွေ့နဲ့နည်းပြအပါအဝင် ဖြည့်ဆည်းသင်ကြားသင်ယူမှုတွေ ဆောင်ရွက်ပေးဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ပါမောက္ခချုပ်တွေကို သြဂုတ် ၁၁ ရက်စွဲနဲ့ ညွှန်ကြားချက်ပေးပို့ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

‘‘ကျောင်းသားတစ်ယောက် ကျောင်းမတက်ဘူး၊ ၇၅ ရာခိုင်နှုန်းမပြည့်တော့ မင်းစာမေးပွဲခန်းထဲ မလာနဲ့လို့ပြောတာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဘာလို့ကျောင်းမတက်တာတုံး၊ နေမကောင်းလို့လား၊ ဘာအဆင်မပြေလို့ကျောင်း မတက်တာတုံးဆိုတာမေးပြီး ဖြည့်ဆည်း သင်ကြားပေးရမှာပေါ့။ ကျူတိုရီရယ် ပျက်တာတွေရော၊ လက်တွေ့ချိန်တွေရော ပြန်ဖြေခွင့်ပေးမှာပေါ့’’  လို့ ဒေါက်တာ အောင်အောင်မင်းက ပြောကြားထားတာ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -တက္ကသိုလ် ဒီဂရီကောလိပ် နေ့သင်တန်းစာမေးပွဲတွေကို စက်တင်ဘာလမှာ ကျင်းပမယ် )

play

 

ကျောင်းခေါ်ချိန် မပြည့်တဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို ဖြည့်ဆည်း သင်ကြားပေးမယ့်စနစ်ကို အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ဆေးနဲ့ နှီးနွှယ်တက္ကသိုလ်တွေ၊ နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်တွေ၊  ပညာရေးကောလိပ်တွေအပြင် အဝေးသင် တက္ကသိုလ်တွေမှာပါ ကျင့်သုံးမယ်လို့ သိရပါတယ်။

ခေတ်အဆက်ဆက်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်မီပါက စာမေးပွဲ ဖြေဆိုခွင့်မပေးတဲ့ သတ်မှတ်ချက်ရှိပေမယ့် အချို့တက္ကသိုလ်တွေမှာ ကျူတိုရီရယ်၊ လက်တွေ့ချိန်တွေအနက် ၂၅ ရာ ခိုင်နှုန်းခန့် အစားထိုးပြန်လည်ဖြေဆိုခွင့် ပြုလေ့ရှိတယ်လို့ တက္ကသိုလ် ဆရာ၊ ဆရာမတွေထံမှ သိထားရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Photos & Source: 7Day Daily, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD