play

 

ယခုနှစ်ကုန်အထိ လက်ထောက်ကထိက ရာထူးတိုးအတွက် လုပ်သက်ပြည့်နည်းပြ၊ သရုပ်ပြတွေကို  နှုတ်ဖြေသာဖြေဆိုဖို့ခွင့်ပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြော ကြားထားပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြင်ဆင်ပြဋ္ဌာန်းတဲ့မူဝါဒအရ တက္ကသိုလ်၊ ကောလိပ်တွေမှာ နည်းပြရာထူးမှ လက်ထောက်ကထိကရာထူးသို့ တိုးမြှင့်ရေး ရေးဖြေစာမေးပွဲ၊ လူတွေ့နှုတ်ဖြေ ဖြေဆိုရမယ်လို့ သြဂုတ် ၁၆ ရက်က ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ချုပ်တွေ ပါဝင်တဲ့ စာမေးပွဲမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပပေမယ့် လက်ထောက်ကထိက ရာထူးတိုးအတွက် လူတွေ့နှုတ်ဖြေသာ ဖြေဆိုဖို့ သြဂုတ် ၂၁ ရက်က ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

‘‘ဒီနှစ်ကုန်ထိ လုပ်သက်တန်းစီဇယားဝင်တဲ့သူတွေအကုန် ရေးဖြေမဖြေရတော့ဘူး။ နှုတ်ဖြေပဲ ဖြေရမယ်’’ လို့ ဒေါက်တာသိန်းဝင်းက ပြောကြားထားတာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ယခုနှစ်မတ်လကုန်အထိ လက်ထောက်ကထိကရာထူးတိုး လျှောက်လွှာတင်ထားသူတွေရဲ့ လူတွေ့နှုတ်ဖြေကို သြဂုတ် ၃၁ ရက်မှာ သက်ဆိုင်ရာတက္ကသိုလ်တွေက ပါမောက္ခချုပ်ဦးဆောင်တဲ့ အဖွဲ့က စစ်ဆေးပြီး ဘာသာရပ် ကျွမ်းကျင်မှု၊ ထိုးထွင်းကြံဆမှု၊ သွက်လက်ပြတ်သားမှု၊ စည်းကမ်းလိုက်နာမှုအစရှိတဲ့ အချက်တွေကို အကဲဖြတ်မှာ ဖြစ်ပါတယ်။

‘‘ဝန်ကြီးဌာအနေနဲ့ အခုလို ညှိနှိုင်းဖြေလျှော့ပေးတဲ့အပေါ် အများကြီးဝမ်းသာပါတယ်။ လက်ထောက်ကထိကအတိုးအတွက် တန်းစီဇယားမှာ ဘောင်ဝင်တဲ့သူ အားလုံး ရေးဖြေ ဖြေစရာ မလိုတော့ဘူး။ လူတွေ့ပဲ ဖြေရမယ်လို့ ဝန်ကြီးဌာနဘက်က အကြောင်း ကြားထားပါတယ်’’ လို့ နည်းပညာဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ် ပြန်ကြားရေးတာဝန်ခံ ကထိက ဦးဇော်မြင့်နိုင်ဦးက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် သတင်း - ကျောင်းခေါ်ချိန် မပြည့်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ညွှန်ကြား)

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video