AD
AD
AD
play

 

ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဆောက်အအုံဆိုင်ရာဆွေးနွေးပွဲ ကို သြဂုတ် ၃၀ နှင့် ၃၁ ရက်မှာ ကျင်းပမယ်လို့ ၂၀၀၇ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမျိုးဆက် ကိုစည်သူမောင်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား သမဂ္ဂတွေနဲ့ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ဖိတ်ကြားမှာဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ(သို့မဟုတ်) ရန်ကုန်တက္ကသိုလ် အပန်းဖြေဆောင် (RC)မှာ ကျင်းပဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲဖြစ်မြောက်ရေးဆိုင်ရာ ဖိတ်ကြားရေးအဖွဲ့ရဲ့ အစည်းအဝေးကို သြဂုတ် ၂၀ ရက်က ပြုလုပ်ပြီး အဆိုပါအဖွဲ့ကပဲ ဆွေးနွေးပွဲကျင်းပရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အတည်ပြုဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ကျောင်းခေါ်ချိန် မပြည့်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ညွှန်ကြား )

‘‘ကျောင်းသားသမဂ္ဂအ ဆောက်အအုံဟောင်းနေရာကို တချို့က ဒီအတိုင်းပဲ ထားချင်တာ ရှိတယ်။ တချို့ကျတော့ အဲဒီနေရာကို အရင်အတိုင်း ပြန်ဆောက်ပြီးတော့ မြင်ချင်တဲ့လူတွေလည်း ရှိတယ်။ သဘောထားအမျိုးမျိုး ပေါ့။ တချို့ကျတော့လည်း သမဂ္ဂရှင်သန်ခွင့်ရပြီးမှ ရုပ်ဝတ္ထုပိုင်းကို စဉ်းစားမယ်ပေါ့။ အဲဒီမတူတဲ့ သဘောထားတွေအားလုံးကို စုစည်းဖို့ ဆွေးနွေးပွဲတစ်ခုလိုတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ့် အချက်တွေနဲ့ အစည်းအဝေးရဲ့ ပုံသဏ္ဌာန်ကိုပါ ဖိတ်ကြားရေးအဖွဲ့ က အကြမ်းဖျင်းခွဲပေးထားတယ်’’ လို့  ကိုစည်သူမောင်ကပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အအုံရဲ့ သမိုင်းတန်ဖိုးဆိုင်ရာ  သဘောထားများ စုစည်းခြင်းနဲ့ ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသအဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အခြေခံသဘောထားတွေ စုစည်းခြင်းတို့ကို ဆွေးနွေးဖို့ လျာထားတယ်လို့ သိရပါတယ်။

၁၉၆၂ က မိုင်းခွဲဖျက်ဆီးခံရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ပြန်လည်ဆောက်လုပ်ဖို့ ၂၀၁၇ နှစ်ဆန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ခဲ့ပြီး ဇူလိုင်အတွင်းက သမဂ္ဂအ ဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီနှင့်တည်ဆောက်ရေး ကော်မတီများဖွဲ့စည်းဖို့ အစည်း အဝေးကျင်းပခဲ့ပါတယ်။

Photos & Source: 7Day Daily, VOA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD