play

 

ဂျပန်တက္ကသိုလ် ၂၄ ခု၊ ဂျပန်ဘာသာစကားသင်တန်းကျောင်း ခြောက်ခုနဲ့ ဂျပန်ကုမ္ပဏီ ခုနစ်ခု ပါဝင်ပြသမယ့် ဂျပန်ပညာရေးပွဲတော်ကို ဩဂုတ် ၂၆ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမယ်လို့ အိုကာရာမ တက္ကသိုလ်ပညာရေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်အမျိုးသားတက္ကသိုလ်အများအစုအဖွဲ့၊ ဂျပန်ပညာတော် သင်ကျောင်းသားဟောင်းများအသင်းတို့နဲ့ အိုကာရာမတက္ကသိုလ် ပညာရေးစင်တာတို့က အဆိုပါ ပညာရေးပွဲတော်ကို ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်နိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ ပညာသင်ယူပြီးနောက် အလုပ်အကိုင်ရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အခမဲ့ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သြစတြေးလျပညာရေးပြပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပမယ်)

play

 

‘‘ဂျပန်နိုင်ငံအစိုးရရဲ့ Study In Japan Coordinator Project အရ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ငါးနှစ်အတွင်း ဂျပန်ကို ပညာတော်သင် သွားရောက်တဲ့ ကျောင်းသားဦးရေ တိုးလာဖို့ ရည်ရွယ်ကျင်းပတာပါ’’ လို့ အိုကာရာမတက္ကသိုလ်ပညာရေးစင်တာမှ တာဝန်ခံမစ္စတာ နိုဟာရာက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ပညာရေးပွဲတော်မှာ ဂျပန်နိုင်ငံသို့ ပညာတော်သင်သွား ရောက်မယ့်သူတွေအတွက် တက္ကသိုလ်နဲ့သင်တန်းကျောင်းတစ်ခုစီမှ တစ်ဦးချင်းဆွေးနွေးမှာဖြစ်ပြီး ပညာသင်ဆုပေးအပ်မယ့် အစီအစဉ်တွေ၊ ဆွေးနွေးပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

၂၀၁၄ ကစ၍ ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်သူ များပြားလာပြီး ဂျပန်ကျောင်းသား ၀န်ဆောင်မှုအဖွဲ့အစည်း (JASS O) ရဲ့ စာရင်းအရ ၂၀၁၆ မှာ ဂျပန်နိုင်ငံတွင်း ပညာသင်ယူနေတဲ့ မြန်မာကျောင်းသား ၁,၂၀၀ကျော်ရှိကြောင်း သတင်းမှာ ရေးသားထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video