AD
AD
AD

ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (Master of Banking and Fianace –MBF) သင်တန်းအတွက် ၀င်ခွင့်လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ခေါ်ယူနေတယ်လို့ အင်တာနက်ဂျာနယ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါသင်တန်းဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုကနေ ဘွဲ့ရရှိပြီးသူတွေနဲ့ ဘဏ်လုပ်ငန်း (သို့) ဘဏ္ဏာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူတွေ တက်ရောက်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

လျှောက်ထားလိုသူတွေအနေနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) အခန်း ၂၀၆ မှာ လျှောက်လွှာတွေကို အောက်တိုဘာလ ၁၇ မှစတင် ရယူနိုင်ပြီး နိုဝင်ဘာလ ၁၇ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ကြောင်းနဲ့ ဖုန်း-၀၁-၅၁၃၄၅၇ (MBF ရုံးခန်း) ၊ ၀၁-၅၁၃၅၇၆ (၀ါကိဇ္ဇဗေဒဌာနရုံးခန်း) တို့ကိုလည်း ဆက်သွယ်မေးမြန်းပြီး လျှောက်ထားနိုင်တယ်လို့လည်း အင်တာနက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကိုတော့ နိုဝင်ဘာလ ၂၆ ရက်မှာရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ဖြေဆိုရမှာ ဖြစ်တယ်လို့ အင်တာနက်ဂျာနယ်ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

Source; Photo: အင်တာနက်ဂျာနယ်ဝက်ဘ်ဆိုက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD