play

 

အောင်တိုဘာ ၂၁ ရက်နေ့မှာ ပညာတော်သင်များနဲ့ မြန်မာနိုင်ငံရှိ ကျောင်းသားများ တွေ့ဆုံပွဲကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ စားသောက်ဆိုင်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ အင်တာနက်ဂျာနယ်ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ နိုင်ငံအသီးသီးမှာ မတူညီတဲ့အတန်း (ဘွဲ့ကြို၊ ဘွဲ့လွန်) တွေအတွက် ပညာသင်ဆုရရှိခဲ့တဲ့ ပညာတော်သင်တွေ ကနေ သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

နယ်ပယ်အသီးသီးက ပညာတော်သင်တွေကို ဖိတ်ခေါ်ထားတာဖြစ်ပြီး လက်ရှိမှာလည်း လုပ်ငန်းခွင် ဝင်နေကြသူတွေ ဖြစ်ကြတယ် လို့လည်း ဖော်ပြထားပါတယ်။ ထိုပညာတော်သင်များက မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအတွက် သူတို့ရဲ့ အဓိက အတွေ့အကြုံတွေဖြစ်ကြတဲ့ ပညာသင်ဆုရအောင် ဘယ်လိုကြိုးစားခဲ့တယ်၊ ဒီလိုဆုမျိုးတွေရချင်ရင် ဘယ်လိုအရည်အချင်းမျိုးတွေ ပျိုးထောင်ပေးရမယ် ဆိုတာတွေကို မျှဝေပေးသွားမှာဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကိုယ့်မှာရှိတဲ့ အားသာချက်၊ အိပ်မက်နဲ့ ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်းမှု အလုပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆုမျိုးကို ရအောင် ကြိုးစားသင့်လဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးပေးသွားမှာဖြစ်တယ်လို့လည်း အင်တာနက်ဂျာနယ်ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

 

“ပညာတော်သင်ဆုတစ်ခု ရဖို့နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အယူအဆတွေ အများကြီးရှိပါတယ်။ ဥပမာ-ပညာတော်သင်ဆု ရဖို့အတွက် သင်ကစာဂျ ပိုး ကျောင်းသားလေးဖြစ်ရမယ်တို့၊ အမြဲတမ်း ပထမဆုတွေချည်း ရရမယ်တို့ဆိုတဲ့ လွဲမှားတဲ့ အယူအဆမျိုးတွေပေါ့” ၊ “ပညာသင်ဆုရတာဟာ အမြဲတမ်း ကောင်းတယ်လို့ တချို့တွေက ထင်ကြပါတယ်။ ဒါပေမဲ့လည်း Opportunity Cost လို့ခေါ်တဲ့ တစ်ဖက်က ကိုယ့်ရဲ့ ပေးဆပ်လိုက်ရတဲ့ အရာတွေနဲ့ မတန်တဲ့ရလဒ်မျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် ပညာသင်ဆုတွေကို ဆွတ်ခူးတဲ့အခါမှာလည်း ကိုယ်တကယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အထောက်အကူပြုတဲ့ ဆုမျိုးဖြစ်ဖို့ လိုအပ်ပါသေးတယ်။”လို့ (WyneeMyanmar.com) (၀ိုင်း) အဖွဲ့ကို တည်ထောင်သူ ဂျက်စီကာ မသီရိအောင်က ပြောခဲ့တယ်လို့လည်း အင်တာနက်ဂျာနယ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ http://wyneemyanmar.com/…/livechatwithscholars2017october မှာ ၀င်ရောက် စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Postby

 

Source; Photo: အင်တာနက်ဂျာနယ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video