Local Education: မဟာဘွဲ့သင်တန်းစာမေးပွဲ ကျရှုံးသူတွေ ကျတဲ့ဘာသာ ပြန်ဖြေရမယ်

အောင်မြင်ထားတဲ့ ဘာသာရပ်တွေ ပြန်လည်ဖြေဆိုစရာ မလိုတော့ပါဘူး။

play

 

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက မဟာဘွဲ့သင်တန်းသားတွေအနေနဲ့ စာမေးပွဲကျရှုံးရင် ကျရှုံးတဲ့ဘာသာရပ်ကို ပြန်လည်ဖြေဆို ခွင့်ပြုမှာဖြစ်ပြီး ကျန်အောင်မြင်တဲ့ ဘာသာရပ်တွေကို ပြန်လည်ဖြေဆိုဖို့ မလိုတော့ဘူးလို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။

အရင်တုန်းကတော့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက မဟာဘွဲ့သင်တန်းသားတွေ အနေနဲ့ စာမေးပွဲမှာ ဘာသာရပ်တစ်ခုကျရှုံးရင် ပြန် လည်ဖြေဆိုခွင့်မရှိဘဲ သင်တန်းဆက်လက်တက်ရောက်ခွင့်မပေးခဲ့ဘူးလို့ ကျောက်ဆည်တက္ကသိုလ် ရူပဗေဒဌာနမှ လက်ထောက်ကထိက ဦးကျော်ကိုလတ်က ပြောပါတယ်။

‘‘မဟာတန်းတွေကိုကျတဲ့ ဘာသာပြန်ဖြေခွင့်ပြုဖို့ ပါချုပ်တွေရဲ့ Board of Study ဆုံးဖြတ်ချက်အရ ဆရာတို့က ကျောင်းတွေအားလုံး တစ်ပြေးညီဖြစ်အောင် စာထုတ်ပေးတာပါ။ အဆင့်မြင့်ပညာဦးစီးဌာနက ချတဲ့မူတော့ မဟုတ်ဘူး။ သင်ကြားရေးပိုင်းကို ဆရာတို့ လွတ်လပ်ခွင့် ပေးထားတယ်။ ဒါကသက်ဆိုင်ရာ ပါမောက္ခချုပ်တွေရဲ့ သင် ကြားရေးပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ပါ’’လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

 

မူဝါဒအသစ်အရ မဟာဘွဲ့သင်တန်းသားတွေအနေနဲ့ ၂၀၁၇-၁၈ ပညာသင်နှစ် မဟာဘွဲ့သင်တန်းအောင်စာရင်းတွေ ထုတ်ပြန်ရာမှာ စာမေးပွဲကျရှုံးနေရင် ပထမပညာသင်ကာလ (First Semester) မှာ ကျရှုံးရင် ပထမပညာသင်ကာလမှာ ပြန်လည်တက်ရောက်ဖြေဆိုရ မှာဖြစ်ပြီး ဒုတိယပညာသင် ကာလ(Second Semester)မှာ ကျရှုံးပါက ဒုတိယပညာသင်ကာလမှာ ပြန်လည်တက်ရောက် ဖြေဆိုရမှာ ဖြစ်ပါတယ်။

Source : 7Day

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ