Local Education: တက္ကသိုလ်ဝင်ခွင့်ရမှတ်အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်

ဆေးတက္ကသိုလ်တွေက ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။

play

 

၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ပထမနှစ် သင်တန်းဝင်ခွင့်ရစာရင်းတွေကို ပညာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ရာမှာ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်ရမှတ်က အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အခုပညာသင်နှစ်မှာ ရန်ကုန်နည်းပညာတက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိတဲ့ အနိမ့်ဆုံးအမှတ်က ကျား ၅၀၃ မှတ်၊ မ ၅၀၃ မှတ်ဖြစ်ပြီး အမြင့်ဆုံးဝင်ခွင့်ရအမှတ်က ကျား ၅၅၅ မှတ်၊ မ ၅၄၇ မှတ် ဖြစ်ပါတယ်။

‘‘ရန်ကုန်နည်းပညာတက္က သိုလ်ကတော့ နှစ်တိုင်းလိုလို အမြင့်ဆုံးဖြစ်နေတာပေါ့။ အဓိက ကတော့ ကျောင်းသားတွေစိတ် ဝင်စားပြီး လျှောက်ကြတဲ့အပေါ် မူတည်တာပဲ။ အမှတ်မြင့်တဲ့သူ များများလျှောက်ရင် ဝင်ခွင့်အ မှတ်က မြင့်သွားတာပေါ့’’လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

play

 

ရန်ကုန်နည်းပညာတက္ကသိုလ်ကို တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၈၀ နဲ့ အထက် ရရှိသူတွေကို လျှောက်ထားခွင့်ပြုခဲ့ရာမှာ လျှောက်ထားသူတွေထဲကနေ အမှတ်အများဆုံးကနေ အနည်းဆုံးကို စိစစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၀ ဦးကို ဝင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

 

အခုပညာသင်နှစ် အမှတ်အမြင့်ဆုံးစာရင်း ဒုတိယနေရာမှာ ဆေးတက္ကသိုလ်တွေရှိနေပြီး အနိမ့်ဆုံးဝင်ခွင့်အမှတ်က ကျား ၄၉၃ မှတ်၊ မ ၅၀၃ မှတ်ဖြစ်ပါတယ်။ မန္တလေးနည်းပညာတက္ကသိုလ် ဝင်ခွင့်အမှတ်က ကျား ၄၉၂ မှတ်၊ မ ၄၉၂ မှတ်ဖြစ်ပြီး တတိယအမှတ်အမြင့်ဆုံး တက္ကသိုလ်ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Wiki

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ