AD
AD
AD
play

 

Wall Street English (မြန်မာ) ရဲ့ ဒုတိယမြောက် သင်တန်းကျောင်းခွဲကို ဒီဇင်ဘာလ ၈ ရက်က ရန်ကုန်မြို့ ပြည်လမ်း၊ စိန့်ဂျွန်းမှတ်တိုင်နားမှာရှိတဲ့ City Mall အဆောက်အဦမှာ ထပ်မံဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

Wall Street English သင်တန်းကျောင်းခွဲ ၂ မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အင်္ဂလိပ်စာအဆင့်အလိုက် အသင့်တော်ဆုံး အတန်းကို ရွေးချယ်ရာမှာ ဝါရင့်သင်တန်းအတိုင်ပင်ခံတွေက အကြံဉာဏ်များပေးတာတွေနဲ့ အင်္ဂလိပ်စာအဆင့်သတ်မှတ်ချက် စစ်ဆေးပေးတာတွေပါဝင်တဲ့ ကျောင်းဝန်ဆောင်မှုအပြည့်အဝကိုလည်း ပံ့ပိုးပေးမယ်လို့ သိရပါတယ်။

play

 

“City Mall StJohn မှာကျွန်တော်တို့ရဲ့ ဒုတိယမြောက်သင်တန်းကျောင်း ဖွင့်လှစ်မှုဟာ မြန်မာကျောင်းသူ ကျောင်းသားတွေကို အကောင်းဆုံး ပညာရေးအခွင့်အလမ်းတွေပေးခွင့်ရမယ့် သမိုင်းမှတ်တိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မိခင်ဘာသာစကားကိုသင်ယူတဲ့ သဘာဝနည်းလမ်းအတိုင်းWall Street English သင်တန်းကျောင်းက ပေါင်းစပ်သင်ကြားနည်းတွေကို အသုံးပြုထားတဲ့ ထူးခြားတဲ့နည်းလမ်းနဲ့ သင်ကြားပေးတဲ့ ပထမဆုံးသင်တန်းကျောင်းဖြစ်ပါတယ်"လို့ Wall Street English ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Marc Nussaume က ပြောပါတယ်။

Wall Street English သင်တန်းကျောင်းတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ကျောင်းပေါင်း ၄၅၀ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား သုံးသန်းကျော် မွေးထုတ်ပေးထားတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD