Entertainment: အကကောင်းလို့ တေလာဆွစ်ဖ်တောင် လာတွေ့ရတဲ့ကလေးငယ်

အခုတော့ အဆိုပါကလေးငယ်ကို တေလာဆွစ်ဖ်ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ခေါ်သွားသင့်တယ်လို့ အကြံပြုနေကြပါပြီ။

တေလာဆွစ်ဖ်ရဲ့ နာမည်ကျော် shake it off  သီချင်းထဲကအတိုင်း ထူးချွန်အောင် ကပြနိုင်တဲ့ ၇ နှစ်အရွယ်လူငယ်လေးတစ်ဦးရဲ့ ဗီဒီယိုအွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီနောက် ဒိုင်လန်လို့ အမည်ရတဲ့ ကလေးငယ်ကို တေလာဆွစ်ဖ်ကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့ရတဲ့အထိ ဒိုင်လန်ဟာ နာမည်ကြီးလာခဲ့ပါတယ်။

play

 

သူတို့နှစ်ဦးတွေ့ချိန်မှာ အတူတွဲကခဲ့ကြပါသေးတယ်။ တေလာဆွစ်ဖ်ကို အပြင်မှာတွေ့ချင်ရင် တကယ်တွေ့နိုင်တယ်ဆိုတာ ဒိုင်လန်က သက်သေပြသွားခဲ့တာပါ။

play

 

တေလာဆွစ်ဖ်အနေနဲ့ နောက်ဆုံးထွက်ထားတဲ့ ၁၉၈၉ အယ်လ်ဘမ်အတွက် ဖျော်ဖြေပွဲတွေမှာ ဒီကလေးငယ်ကို dancer အဖြစ်တောင် ခေါ်သွားသင့်ပါတယ်။

play

 

သူတို့နှစ်ဦးတွေ့ဆုံပြီးတော့ တေလာဆွစ်ဖ်က သူ့ရဲ့facebook မှာ ဒီဓါတ်ပုံကို တင်ခဲ့ပါသေးတယ်။

play

 

တေလာဆွစ်ဖ်ဟာ လူငယ်တွေအကြား နာမည်ကြီးစံပြတစ်ယောက်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ