Entertainment: ဓါတ်ပုံဟောင်းများကို အနုပညာလက်ရာ မြောက်စေသူ

သြစတြေးလျမှာနေထိုင်သူ ဓါတ်ပုံပညာရှင်တစ်ဦးဟာ လူမှုဘဝက သာမန်ဓါတ်ပုံအဟောင်းတွေကို အနုပညာလက်ရာမြောက်ပြီး မြင်သူမချီးကျူးပဲ မနေနိုင်လောက်တဲ့အထိဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။

သာမန်အမြင်နဲ့ ရိုက်ကူးထားတဲ့ဓါတ်ပုံဟောင်းတွေကို ဓါတ်ပုံဆရာ ဂျိန်းလောင်းက အနုပညာဆန်တဲ့ ပြကွက်တွေ ဖြစ်လာအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ပထမတော့ ဓါတ်ပုံအဟောင်းတွေကို ကွန်ပျူတာနဲ့ ပြန်လည်ပြုပြင်ပြီး အင်တာနက်မှာ စမ်းတင်ကြည့်ခဲ့တာဖြစ်ပါတယ်။

ထူးခြားတာက ၁၉၃၀-၄၀ လောက်က ရိုက်ကူးထားတဲ့ ဓါတ်ပုံအဟောင်းတွေကို သူမက ဓါတ်ပုံအဟောင်းလို့ လုံးဝမထင်ရစေတဲ့အပြင် ကြည့်ရှုသူတွေ ခံစားမှုတစ်မျိုးရအောင် စွမ်းဆောင်နိုင်တာပဲဖြစ်ပါတယ်။

 

ရေတစ်ပိုင်း ကုန်းတစ်ပိုင်း

play

သီချင်းသည်

play

သေနတ်နှင့် တောက်ပမှု

play

လက်လှည့်ပညာ

play

ကြင်ကြင်နာနာ

play

အပြစ်ကင်းသူ

play

 

လမ်းပြမီး

play

 

အသည်းကျော်လေးများ

play

 

မီးရှို့ပစ်ချင်စိတ်ပေါက်

play

 

အိပ်မက်စိုက်ပျိုးမြေ

play

 

အနုပညာသည်

play

 

အဆော့သန်သူ ညီအစ်ကိုများ

play

 

အသွင်သစ်စုံတွဲ

play

 

လွတ်လပ်ခြင်း

play

 

ပေါ်ပီပန်းကြီးများ

play

 

ငှက်အုပ်

 

ဘဲစီးသူ ညီအစ်ကို

 

နတ်ပကျွန်းမှ သတို့သမီး

play

 

 

မူလတုန်းကတော့ သာမန်လိုပဲ ဓါတ်ပုံကို ပြုပြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ဖန်တီးမှုတွေကို ဓါတ်ပုံထဲမှာ ပေါင်းထည့်ဖို့ စိတ်ကူးရလာခဲ့ပါတယ်။ “ ပြင်ပဘဝက ဒီလိုလူတွေက ကျွန်မရဲ့ ကိုယ့်ပိုင်ဖန်တီးမှု အနုပညာဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေဖြစ်လာမယ်လို့ လုံးဝမတွေးခဲ့ဖူးပါဘူး ”  လို့ဓါတ်ပုံဆရာမက ပြောပါတယ်။ ရလဒ်ကတော့ သူမရဲ့ဖန်တီးမှုအနုပညာတွေဟာ အိပ်မက်ဆန်ဆန် ဖြစ်နေသလိုခံစားရစေပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ