Entertainment: ကမ္ဘာ့အလန်းဆုံး လမ်းဘေးဈေးသည်ဖြစ်လာသူ အမျိုးသား

ထိုင်ဝမ်မှာ ပဲပြားရောင်းတဲ့ဆိုင်ပိုင်ရှင် လူငယ်အမျိုးသားဟာ ကြည့်ကောင်းလွန်းတဲ့အတွက် သူ့ရဲ့ဆိုင်ကမ္ဘာကျော်ခဲ့တာ အားလုံးသိပြီးပြီဖြစ်ပါတယ်။ အခုတော့ သူ့ကို ယှဉ်ပြိုင်မယ့် နောက်ထပ်လမ်းဘေးဈေးသည်တစ်ဦး ထွက်ပေါ်လာပြန်ပါပြီ။ ဒီပုံကတောာ့ ပဲပြားရောင်းတဲ့ အမျိုးသား ဖြစ်ပါတယ်။

play

 

မလေးရှားက ဂျော်ဒန်ရူးဆိုသူ အမျိုးသားကလည်း ဆွဲဆောင်မှုအလွန်ရှိသူတစ်ဦးအဖြစ်နဲ့ ဒူးရင်းသီးရောင်းလျှက်ရှိပါတယ်။ ကမ္ဘာ့အလန်းဆုံး အသီးရောင်းသူအမျိုးလို့တောင် ဆိုနိုင်ပါတယ်။

play

 

 

လမ်းဘေးက သာမန်ဈေးဆိုင်လေးတွေမှာ ဆွဲဆောင်မှုရှိသူတွေရောင်းချရင် အင်တာနက်ပေါ်မှာ ချက်ခြင်းနာမည်ကြီးလာပြီး ရောင်းအားကောင်းတယ်ဆိုတာ သူသိတာကြောင့် သူ့အဒေါ်နဲ့ ဦးလေးဖြစ်သူရဲ့ အသီးဆိုင်ကို ကူညီရောင်းချပေးတာ ဖြစ်တယ်လို့ ဂျော်ဒန်ရူးက facebook မှာဝန်ခံထားပါတယ်။

play
play
play

 

 

တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

 

 

သူ့ရဲ့ facebook စာမျက်နှာအရတော့ သူဟာ ကြံ့ခိုင်ရေးနည်းပြတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။

play

 

သူက website, intagram နဲ့ Youtube တွေပေါ်မှာလည်း ကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးလေ့ရှိပါတယ်။

ပုံတွေကိုကြည့်ရင်းနဲ့ ဒူးရင်းသီးနံ့တောင် ရလာလိမ့်မယ်လို့ ထင်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ