လူအတော်များများအတွက်တော့ ကော်ဖီဆိုတာ သောက်စရာဖြစ်ပါပတယ်။ အင်္ဂလန်မှာနေထိုင်သူ မာရီယာကတော့ ကော်ဖီကိုသောက်ဖို့ထက် ကော်ဖီနဲ့ အနုပညာလက်ရာတွေဖန်တီးဖို့ ပိုပြီးစိတ်အား ထက်သန်သူဖြစ်ပါတယ်။

ကော်ဖီကို ဆေးသဖွယ်အသုံးချပြီး ပန်းချီကားချပ်တွေ ရေးဆွဲထားတဲ့ သူမရဲ့ လက်ရာတွေဟာ အတော်လေးကို ပြောင်မြောက်တာတွေ့ရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကော်ဖီနေ့ တုန်းက သူမကို Bussiness Insider သတင်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။

သူမဟာ မန်ချက်စတာတက္ကသိုလ်ကနေ အနုပညာနဲ့ပတ်သတ်တဲ့ဘွဲ့ကို ယူခဲ့သူဖြစ်ပြီး Arts Health ဘာသာရပ်နဲ့လည်း MA ဘွဲ့ရခဲ့သူဖြစ်ပါတယ်။

ကော်ဖီနဲ့ပန်းချီကားချပ်တွေဖန်တီးတာကို သူမမတော်တဆ လုပ်ဖြစ်သွားခဲ့တာပါ။

play

 

အခုတော့ သူမအနေနဲ့ ဒီအလုပ်ကို အာရုံစိုက်လုပ်တဲ့သူ ဖြစ်နေပါပြီ။

play

 

ပုံတူပန်းချီမှရယ်မဟုတ်ပါဘူး။ သူမကြိုက်တာ အကုန်ကော်ဖီအသုံးပြုပြီး ဆွဲပါတယ်။

play

 

လိုချင်တဲ့ အလင်းအမှောင်အရောင်ရဖို့ ကော်ဖီတံဆိပ်အမျိုးမျိုးရောစပ်ပြီး သူမ အနုပညာကို ဖန်တီးပါတယ်။

play

 

တစ်ခါတစ်ရံမှာတော့ ခဲတံနဲ့ ပုံဖော်အကြမ်းဆွဲပြီးမှ ကော်ဖီနဲ့ အချောသတ်ရတာမျိုးလည်း ရှိပါတယ်။

play

 

ဘာပုံလည်းဆိုတာအပေါ်မူတည်ပြီး espresso ကော်ဖီခွက် ၂ ခွက်ကနေ ၁၅ ခွက်လောက်အထိ ကုန်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video