Entertainment: သူငယ်ချင်းဖြစ်သွားတဲ့ ကြောင်နဲ့ကြွက်

play

ငယ်စဉ်ကလေးဘဝက နှစ်ခြိုက်စွာကြည့်ခဲ့ကြဖူးတဲ့ Tom and Jerry ဇာတ်ကားထဲမှာတောင် ကြောင်နဲ့ ကြွက်ဟာ အမြဲတမ်းရန်ဖြစ်နေကြသူတွေဖြစ်ပါတယ်။ အပြင်ဘဝမှာလည်း ကြွက်ဆိုတာ ကြောင်ရဲ့ သဘာဝ အစာဖြစ်လို့ ဘယ်တော့မှ သူငယ်ချင်းမိတ်ဆွေမဖြစ်ခဲ့ပါဘူး။

play

 

ဒီအယူအဆ အမြဲမမှန်ကြောင်း သက်သေပြလိုက်တဲ့ ကြောင်နဲ့ကြွက်သူငယ်ချင်း ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အိုင်ယာလန်မှာနေထိုင်တဲ့ ပေါမာလီဆိုသူက ဒီချစ်ရာမြင်ကွင်းကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ သူမွေးထားတဲ့ကြောင်ကလေးဟာ ဘေးနားရောက်နေတဲ့ကြွက်ကို မဖမ်းတဲ့အပြင် ကြွက်နဲ့အချိန်အတော်ကြာ ဆော့ကစားနေခဲ့တာဖြစ်ပါတယ်။  Lala လို့ခေါ်တဲ့ နှစ်နှစ်သားအရွယ်ကြောင်ကလေးက ကြွက်ဟာ သူ့ရဲ့ သဘာဝအစာဖြစ်တယ်ဆိုတာကိုတောင်မေ့နေပုံရပါတယ်။ ကြွက်ကလေးကလည်း Lala ကိုမကြောက်ပါဘူး။

play

 

သူတို့နှစ်ဦး ဆော့ကစားနေတာ မိနစ် ၂၀ လောက်တောင်ကြာပါတယ်။

play

Lala ကလည်းသူ့အတွက်သူငယ်ချင်း အသစ်ရတဲ့ပုံမျိုးနဲ့ ဆော့ကစားနေခဲ့တာဖြစ်တယ်လို့ သူ့သခင်မာလီက ပြောပါတယ်။ မြင်တွေ့ရတဲ့ ဗီဒီယိုထဲမှာတော့ ကြွက်ကလေးက ကြောင်ကလေး Lala အပေါ်ကိုတောင် တက်ဆော့နေလိုက်ပါသေးတယ်။ ကမ္ဘာ့ရန်ဘက် ကြောင်နဲ့ကြွက် သူငယ်ချင်းဖြစ်နိုင်တယ်ဆိုတာ ဒါက သက်သေပဲ ဖြစ်ပါတယ်။

play
play
play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ