Entertainment: သီချင်းများက ဆေးဝါးကဲ့သို့ပင် အကျိုးပြု

ဂီတဟာ လူသားတွေရဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ အစွမ်းထက်အနုပညာဆိုတာ အားလုံးလက်ခံကြတဲ့ အရာဖြစ်ပါတယ်။ ဂီတသံက သင့်ရဲ့ခန္ဓာကိုယ်အတွက်ပါ အကျိုးပြုတယ်ဆိုတာ လေ့လာချက်တစ်ရပ်က ထပ်မံ ဖော်ထုတ်လိုက်ပါတယ်။

မကြာသေးခင်က လေ့လာခဲ့တဲ့ဂီတကုထုံးနည်းအရ သီချင်းသံတွေဟာ ဖိအားတွေကို လျော့ကျစေတာ သေချာရုံသာမက ကင်ဆာဆဲလ်တွေကိုပါ တိုက်ဖျက်ပေးတယ်လို့ Memorial Sloan Kettering ကင်ဆာကုထုံး စင်တာက လေ့လာမှုထဲမှာ တွေ့ရပါတယ်။ အထူးသဖြင့် Live Show ပွဲတွေသွားကြည့်တဲ့အခါ စည်းချက်နဲ့အလိုက် ခန္ဓာကိုယ်ပါ လိုက်လံလှုပ်ရှားနေရမှာဖြစ်လို့ ဖိအားတွေကို ပိုပြီးလျော့ကျစေပါတယ်။ လူနာတွေကို သီချင်းသံနားထောင်ခိုင်းပြီး အချိန်ယူကုလိုက်တဲ့အခါ လမ်းပြန်လျှောက်နိုင်မှုမှာ အရင်ကထက် အများကြီးတိုးတက်လာမှုတွေလည်း ဆရာဝန်တွေတွေ့ရှိခဲ့ကြပါတယ်။

play

 

လေ့လာချက်ကို ဆရာဝန်တွေ ထပ်ပြီးအသေးစိတ်ဆန်းစစ်နေကြဆဲဖြစ်ပြီး ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုသီချင်းသံကို နားထောင်ဖို့လိုအပ်လဲဆိုတာ ထပ်လေ့လာနေကြပါတယ်။ သေချာတာကတော့ သီချင်းသံဟာ လူသားကျန်းမာရေးအတွက် အရေးကြီးတဲ့အရာဖြစ်တယ်ဆိုတာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ