Entertainment: ခြေနှစ်ဖက်မရှိပေမယ့် ဝင်ငွေကောင်းတဲ့ မော်ဒယ်

မော်ဒယ်တစ်ဦးဖြစ်ဖို့ဆိုတာ မျက်နှာနဲ့ ခန္ဓာကိုယ်အလှ ပြည့်စုံနေမှ ရမယ်လို့ ယျေဘုယျသိထားကြပါတယ်။ ဒါပေမယ့် ကညာဆက်ဆာ ဆိုသူအမျိုးသမီးကတော့ အဲဒီလိုမဟုတ်ကြောင်း သက်သေပြလိုက်ပါပြီ။

play

 

အသက် ၂၃ နှစ်အရွယ် ဆက်ဆာဟာ မွေးကတည်းက ခြေထောက်နှစ်ဖက်ပါမလာခဲ့သူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ကလေးဘဝက သိပ်တော့ မချောမွေ့ခဲ့ပါဘူး။ မွေးရာပါခြေနှစ်ဖက်လုံး မပါခဲ့တဲ့အပြင် တပတ်သားအရွယ်မှာတင် မိဘနှစ်ဦးရဲ့စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ သူမငါးနှစ်အရွယ်ကိုရောက်လာတော့ မွေးစားမယ့် မိဘတွေပေါ်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းဟာ သူမ ၁၅ နှစ်အရွယ်မှာ ရောက်လာခဲ့ပါတယ်။

play

 

ခြေထောက်နှစ်ဖက်မရှိပေမယ့်သူမဟာ မော်ဒယ်အလုပ်ကို အဲဒီအရွယ်မှာ စတင်နိုင်ခဲ့သူဖြစ်လာပါတယ်။ သူမဟာ အမျိုးသမီးအတွင်းခံပစ္စည်းတွေနဲ့ ရေကူးဝတ်စုံအမျိုးမျိုးကို မော်ဒယ်လုပ်ပေးရသူ တစ်ဦးဖြစ်လာပါတယ်။

play

 

အံ့သြစရာကောင်းလောက်အောင်သူမဟာ အခုဆိုရင် မော်ဒယ်လုပ်ခြင်းကနေ တစ်ရက်ဝင်ငွေ ဒေါ်လာ ၁၀၀၀ လောက်ရနေသူ ဖြစ်လာပါပြီ။ အခုတော့ မော်ဒယယ်အလုပ်သာမကပဲ အားကစားဘက်ကိုလည်း သူမကူးပြောင်းဖို့ ပြင်ဆင်နေပါပြီ။ လာမယ့် ၂၀၁၈ အိုလံပစ်မသန်စွမ်း အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူမပြင်ဆင်နေပါပြီ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ