Entertainment: ကိုယ်ဝန်ဆောင်ချိန်လည်း လှလှပပနေနိုင်တယ်ဆိုတာ သက်သေပြခဲ့သူ

ဆာရာစတေ့ခ်ျဟာ ကိုယ်ကာယအလှမယ်တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူမဟာ မိခင်တစ်ဦးဘဝကို ရောက်လာခဲ့တာပါ။ မိခင်လောင်းတစ်ဦးအဖြစ်ရှိနေချိန် instagram မှာတင်ခဲ့တဲ့ ဓါတ်ပုံတွေကြောင့် သူမဟာ ပိုပြီးတော့ နာမည်ကြီးလာခဲ့ပါတယ်။

play

 

သူမရဲ့အလှဟာ မိန်းကလေးချင်းအတွက် အားကျစရာဆိုပေမယ့် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ မိခင်လောင်းတစ်ဦးအဖြစ် ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် သေးသွယ်တဲ့ ဗိုက်သားတွေရှိနေပြီး ကိုယ်ဝန်အရွယ်အစားဟာ သိပ်မကြီးမားခဲ့ပါဘူး။ ကိုယ်ဝန်ရှိနေချိန်မှာတောင် ကလေးငယ်ကိုဂရုမစိုက်ပဲ ကိုယ့်ရဲ့အလှအတွက်သာ ဂရုစိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆာရာ့ကို လူမှုကွန်ယက်မှာ ဝေဖန်ကြတာဖြစ်ပါတယ်။

play

 

သာမန်ကြံ့ခိုင်ရေးအလှမယ်တစ်ဦးသာ ဖြစ်ပေမယ့် instagram မှာ သူမရဲ့ ပရိသတ် ၁.၃ သန်းကျော် ရှိနေပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့် ကိုယ်ဝန်ဆောင်စဉ် တစ်လျှောက်လုံး သူမကတော့ instagram မှာအလှဓါတ်ပုံတွေ ဆက်တင်နေဆဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ ပေါင် ၂၀ လောက်ပဲ အလေးချိန်တိုးလာတဲ့အပေါ် ကလေးငယ်အတွက် စိုးရိမ်သူတွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ သူမကတော့ ဝေဖန်မှုတွေကိုမမှုပဲ နောက်ဆုံးကိုယ်ဝန်ဆောင်ထားချိန်အထိ ဘစ်ကနီနဲ့ အလှပုံတွေ ဆက်လက်တင်နေခဲ့ပါတယ်။

play
play

 

နောက်ဆုံးတော့ ကျန်းမာတဲ့သားငယ်လေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတောင် လှလှပပနေနိုင်တယ်ဆိုတာ သူမက သက်သေပြသွားခဲ့တာပါ။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ