Entertainment: မြန်မာပြည်မှာ လည်ပတ်စရာထိပ်တန်း ၇ နေရာ

သင်ဟာ ခရီးသွားဝါသနာပါသူဆိုရင် အောက်မှာဖော်ပြမယ့် နေရာ ၇ ခုကို ရောက်အောင် သွားသင့်ပါတယ်။

သဘာဝအလှနဲ့ ရှုခင်းတွေအပြင် အခြားနိုင်ငံတွေမှာတွေ့ရခဲတဲ့ စေတီပုထိုးကျောင်းကန်တွေကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ သင်ဟာ ပြည်တွင်းခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်စေ ဒါမှမဟုတ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ တစ်ဦးဦးကိုလိုက်ပို့ရမှာဖြစ်စေ မြန်မာပြည်တွင်းမှာ လည်ပတ်စရာနေရာ ပေါလှပါတယ်။

play

 

အရှေ့တောင်အာရှမှ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာမှာ လည်ပတ်ချင်စရာနေရာများစွာရှိလို့ တစ်ခါတစ်ရံ ဘယ်သွားဖို့အကောင်းဆုံးလဲ ရွေးရခက်နိုင်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံအတွင်း ပြည်တွင်းခရီးသွားတွေအတွက်ရော ပြည်ပခရီးသွားတွေအတွက်ပါ သွားဖို့အသင့်တော်ဆုံး နေရာ ၁၀ ခုကို ရွေးချယ်ပေးလိုက်ပါတယ်

၁။ မန္တလေး

play

မန္တလေးမှာနေထိုင်သူမဟုတ်တဲ့သူတွေအားလုံး မန္တလေးကို အနည်းဆုံးတစ်ခေါက်လောက်တော့ ရောက်အောင် သွားသင့်ပါတယ်။ တန်ခိုးကြီးဘုရားမဟာမြတ်မုနိကို ဖူးလို့ရတဲ့အပြင် ကမ္ဘာကျော်ဦးပိန် တံတားလည်းရှိပါတယ်။ ဦးပိန်တံတားကိုတည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာပညာဟာ ပြည်ပခရီးသွားတွေကို အဓိကဆွဲဆောင်ထားပါတယ်။ ဒါပြီးရင် မန္တလေးရဲ့ ညအလှကို ခံစားနိုင်သလို မြန်မာရဲ့နောက်ဆုံးဘုရင်မင်းဆက် နန်းစံသွားတဲ့ နန်းတော်ဟောင်းအတွင်းကိုလည်း ဝင်ပြီးလေ့လာနိုင်ပါသေးတယ်။ မန္တလေးတောင်ပေါ်တက်ပြီး မန္တလေးတစ်မြို့လုံးရဲ့ အလှကိုလည်း ခံစားနိုင်သလို ဒေသထွက်ပစ္စည်းတွေအများအပြားဝယ်ယူနိုင်ပါတယ်။ ထိုးမုန့်နဲ့ မန္တလေးဖိနပ်ကတော့ ဧည့်သည်တိုင်းဝယ်သင့်တဲ့ အရာဖြစ်ပါတယ်။

၂။ ပုဂံ

play
 

ခရစ်နှစ် ၁၀၄၀ မှာ အနော်ရထာစတင်တည်ထောင်ခဲ့တဲ့ပုဂံဟာ လေ့လာလို့မကုန်နိုင်တဲ့ ရှေးဟောင်းဗိသုကာ ပညာနဲ့ ယဉ်ကျေးမှုပေါင်းများစွာ ကျန်နေပါသေးတယ်။ ဘုရားစေတီပေါင်းများစွာကို တစ်နေရာက တစ်နေရာ  ကူးလူးသွားလာရင်း ဖူးမျှော်လေ့လာနိုင်တဲ့အရသာဟာ ပုဂံမှာပဲရှိပါတယ်။ တစ်ခြားဘယ်နေရာမှမှ မရနိုင်တဲ့ အရာတစ်ခု ပုဂံမှာရှိပါသေးတယ်။ အဲဒါကတော့ နေဝင်ချိန်ဖြစ်ပါတယ်။ ပုဂံနေဝင်ဆည်းဆာဟာ နာမည်ကျော်ကြားပြီး ဒီနေဝင်ဆည်းဆာအလှကို ကြည့်ဖို့အတွက် မိုင်ပေါင်းများစွာ ဝေးတဲ့အရပ်က ရောက်လာကြတဲ့ ခရီးသွးဧည့်သည်တွေလည်းရှိပါတယ်။

၃။ ကျိုက်ထီးရိုး

play

မြန်မာပြည်ရဲ့ အံသြကုန်နိုင်ဖွယ်အရာတွေထဲက နောက်ထပ်တစ်ခုက ကျိုက်ထီးရိုးဖြစ်ပါတယ်။ တောင်စွန်းကမ်းပါးက ကြီးမားတဲ့ကျောက်တုန်းကြီးပေးမှာ စေတီတစ်ဆူတည်ထားတာဟာ ဆန်းကြယ်လှပါတယ်။ မြင့်မားတဲ့နည်းပညာမရှိခဲ့တဲ့ အချိန်မှာ လူရပ်ဖို့တောင် မဖြစ်နိုင်တဲ့ ကျောက်တုန်းပေါ် စေတီဘယ်လိုတည်ခဲ့သလိုလို့ မေးခွန်းတွေရှိနေဆဲပါ။ တောင်စွန်းပေါ်မှာ ပြုတ်ကျလုဆဲဆဲ ရွှေရောင်တဝင်းဝင်းနဲ့ ကျောက်တုန်းကြီးပေါ်မှာ မြေဆွဲအားကိုဆန့်ကျင်ပြီး စေတီတည်ထားတာက ဗုဒ္ဓဘာသာမဟုတ်သူတွေကိုလည်း အံဖွယ်သုတအဖြစ် လေ့လာချင်စရာကောင်းအောင် ဖိတ်ခေါ်လျှက်ရှိပါတယ်။ ပေါင်းလောင်းတောင်တန်းရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ ကျိုက်ထီးရိုးစေတီကို ဖူးမျှော်နိုင်ပါတယ်။

တောင်ခြေအောက်ရောက်ရင် ခြေလျှင်လျှောက်နိုင်သလို ကားနဲ့လည်း တက်နိုင်ပါတယ်။ အများအားဖြင့် နိုဝင်ဘာလကနေ မတ်လလောက်အထိ ဘုရားဖူးရာသီဖြစ်ပြီး ဆီမီးကိုးထောင်ပူဇော်ပွဲလည်း ကျင်းပပါတယ်။

၎။ပင်းတယလှိုင်ဂူ

play
 

မွန်ပြည်နယ်အတွင်းမှာတည်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၈၀၀၀ ကျော်ကို လှိုင်ဂူအတွင်းမှာ ထားရှိပူဇော်ထားတာ ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ပတ်သတ်ပြီး ရာဇဝင်အမျိုးမျိုးရှိပေမယ့် ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို လှိုင်ဂူထဲ ဘယ်သူကဘယ်လိုထည့်သွင်းပူဇော်ခဲ့သလဲဆိုတာ တိကျတဲ့ အထောက်အထားမရှိပါဘူး။ ဒါပေမယ့် ပင်းတယလှိုင်ဂူဟာ ဘုရားဖူးတွေအတွက်လည်း အစဉ်ပြေသလို လေ့လာချင်သူတွေအတွက်လည်း လေ့လာစရာမကုန်တဲ့နေရာ ဖြစ်ပါတယ်။ လှပတဲ့ ရှုခင်းတွေလည်း မြင်ရတဲ့ နေရာဖြစ်လို့ ပင်းတယကလည်း သွားချင်စရာ နေရာတစ်ခုဖြစ်ပါတယ်။

၅။ အင်းလေးကန်

play
 

လှေကိုခြေနဲ့လှော်တဲ့ လှေထိုးသားတွေရှိရာ တစ်ခုတည်းသောနေရာဖြစ်ပြီး ၅ ကီလိုမီတာလောက်ကျယ်ဝန်းတဲ့ သဘာဝရေအိုင်ကြီးဖြစ်ပါတယ်။ စက်တင်ဘာနဲ့အောက်တိုဘာနှစ်လအတွင်းဟာ အင်းလေးကန်ဆီသွားရောက် လည်ပတ်ဖို့ အကောင်းဆုံးလတွေဖြစ်ပါတယ်။ ဖောင်တော်ဦးဘုရားပွဲတော်ကာလအတွင်းမှာ ပိုမိုစည်ကားပြီး လှော်တက်ကိုခြေနဲ့လှော်တဲ့ ရိုးရာလှေပြိုင်ပွဲတွေလည်း ရှိပါတယ်။ အင်းလေးဒေသမှာ မြင်ရတာမြင်ကွင်းမျိုး အခြားနေရာမှာ မြင်ရဖို့ မလွယ်ကူပါဘူး။

၆။ ငပလီ

play
 

မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေထဲက အကောင်းဆုံးကမ်းခြေလို့ ဆိုနိုင်တဲ့နေရာဖြစ်ပါတယ်။ သဘာဝအတိုင်း တည်ရှိပြီး ၃ ကီလိုမီတာလောက်ရှည်လျှားတဲ့ အဖြူရောင်ကမ်းခြေကို ပိုင်ဆိုင်ထားပါတယ်။ ရခိုင်ပြည်နယ်နယ် အတွင်းမှာတည်ရှိပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်းကိုပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် မြန်မာပြည်က ကမ်းခြေတွေရဲ့ ထုံးစံအတိုင်း အနီးအနားဒေသခံတွေရဲ့ ဒေသထွက်ကုန်နဲ့ ပင်လယ်စာစားသောက်ဖွယ်ရာတွေ ရောင်းချတဲ့ အသံတွေကိုတော့ ဆက်တိုက်ကြားနေရ နိုင်ပါတယ်။ ဒါပေမယ့် အနီးအနားမှာ မြို့တွေမရှိတဲ့အပြင် အခြားကမ်းခြေတွေထက် ဆိတ်ငြိမ်တဲ့ အရသာကို ငပလီကမ်းခြေမှာ ရနိုင်ပါတယ်။

၇။ ပူတာအို

play
 

မြန်မာပြည်ရဲ့ သွားရေးလာရေး အခက်ဆုံးမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မြောက်ဘက်ဆုံးပိုင်းမှာတည်ရှိတဲ့ မြို့ဖြစ်ပြီး အခြားမြို့တွေနဲ့လည်း အဆက်အသွယ်သိပ်မရှိတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝ အတိုင်းခံစားလိုသူတွေအတွက် ပူတာအိုဟာ အသင့်တော်ဆုံးပါပဲ။ မော်တော်ကားတွေလည်း သင်တွေ့ရမှာ မဟုတ်သလို night life လည်းမရှိပါဘူး။ ဒါပေမယ့် အဖိုးမဖြတ်နိုင်တဲ့ တောတွင်းတောင်းတက် အတွေ့အကြုံ တွေရနိုင်ပါတယ်။

မြန်မာပြည်ရဲ့ အမြင့်ဆုံးရေခဲတောင် ခါကာဘိုရာဇီဟာ အဲဒီဒေသမှာပဲရှိပါတယ်။ နွေအခါမှာ ရေခဲတောင်က အရည်ပျော်လာတဲ့ ရေတွေက ချောင်းထဲစီးဆင်းလာတာကြောင့် အေးစက်တဲ့စမ်းချာင်းထဲမှာ အပန်းဖြေနိုင်ပါသေးတယ်။ ခရီးသွားလုပ်ငန်းအတွက် ပူတာအိုမှာ များများစားစားအထောက်အပံ့မရှိနိုင်ပေမယ့် အသေးစားတည်းခိုခန်းတွေနဲ့ အဆင့်မြင့်ဟိုတယ်အချို့ ရှိနေပါတယ်။ အခြားနေရာတွေမှာ တွေ့ရဖို့ ခက်ခဲတဲ့ တောတွင်းတိရိစ္တာန်မျိုးစိတ်ပေါင်းများစွာကိုလည်း ပူတာအိုမှာတွေ့နိုင်လို့ ပူတာအိုဟာ သင်မသွားမဖြစ် သွားသင့်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ